BBC navigation

ရခိုင်မှာ လုံခြုံရေး အားနည်း

နောက်ဆုံး ရေးသားချိန် 26 အောက်တိုဘာလ 2012 - 15:40 GMT
Injured Rakhine men in Sittwe Hospital

စစ်တွေ ဆေးရုံမှာ ဒဏ်ရာရ ရခိုင် တိုင်းရင်း သားများ ဆေးကုသ ခံယူနေကြ

ရခိုင်ပြည်နယ် အတွင်းက လက်ရှိ အခြေ အနေဟာ အချိန်မရွေး ပေါက်ကွဲ သွားနိုင်ပြီး ပထမ အကြိမ် ဇွန်လက ဖြစ်ခဲ့တဲ့ အခြေ အနေထက် အများကြီး ပိုဆိုး သွားနိုင်တယ်လို့ ဒေသတွင်းကို ရောက်ခဲ့တဲ့ သတင်းထောက်က ပြောပါတယ်။

လုံခြုံရေး ချထားမှု အားနည်းတာ တွေ့ခဲ့ရတယ်လို့ စစ်တွေ၊ ကျောက်တော်နဲ့ အနီး တဝိုက်ကို ကိုယ်တိုင် သွားရောက်ခဲ့တဲ့ သတင်းထောက်က ဘီဘီစီကို ပြန်ပြော ပါတယ်။

လုံခြုံရေး တာဝန်ရှိတဲ့ တပ်တွေကလည်း မွတ်ဆလင်တွေ ဘက်ကို ဘက်လိုက်မှု ရှိနေတယ်လို့ သူက ဆိုပါတယ်။

မွတ်ဆလင် ရွာတွေကို စောင့်တဲ့ လုံခြုံရေး တပ်တွေက ရခိုင် လူမျိုး တွေကိုပဲ ပစ်ခတ် နှိမ်နင်း ခဲ့ရာမှာ သေဆုံးသူ တွေကို တွေ့ခဲ့ရတယ်လို့ အဲဒီ သတင်းထောက်က ပြောပါတယ်။

ကျောက်တော် ဆေးရုံမှာ ကုသ ခံနေရာက သေဆုံးသွားသူ ဟာလည်း သေနတ် ဒဏ်ရာ ကြောင့် ဆိုတာ ဆေးရုံက အတည်ပြုတယ်လို့ သူက ပြောပါတယ်။

အိမ်ခြေ နည်းတဲ့ ရခိုင်ရွာ တွေထက် အိမ်ခြေ များတဲ့ မွတ်ဆလင် ရွာတွေ ကိုသာ လုံခြုံရေးအရ ပိုပြီး အကာ အကွယ် ပေးကြတာ မြင်ခဲ့ ရတယ် လို့လည်း ပြန်ပြောပြ ပါတယ်။

အသိုင်းအဝိုင်း နှစ်ဘက် ကြားမှာ အလွန် တင်းတင်း မာမာ ဖြစ်နေပြီး လုံခြုံရေး အရ လက်လှမ်း မမီနိုင်တဲ့ နေရာတွေမှာ မွတ်ဆလင် အများစု နေထိုင်ပြီး ရခိုင်က နည်းတယ်လို့ ဆိုပါတယ်။

လောလောဆယ် နေဝင် မီးငြိမ်း အမိန့် ထုတ်ပြန် ထားတဲ့ အတွက် နဲ့ ဓါး၊ တုတ် စတဲ့ လက်နက်တွေကိုလည်း အာဏာပိုင်တွေက သိမ်းယူထားတဲ့ အတွက် နှစ်ဘက် အုပ်စုတွေ အနေနဲ့ ကိုယ့်ရပ်ရွာ ကိုကိုယ် ကာကွယ်ဖို့ အခြေ အနေ မရှိဘူးလို့ ရခိုင် ပြည်နယ်ရောက် သတင်းထောက်က ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။