BBC navigation

မီးရှို့ခံခဲ့ရတဲ့ ဘုန်းတော်ကြီးကျောင်းတွေ ပြန်ဆောက်ပေးမယ်

နောက်ဆုံး ရေးသားချိန် 29 အောက်တိုဘာလ 2012 - 00:38 GMT

ဘုန်းတော်ကြီးကျောင်းတွေကို နဂိုအတိုင်း ပြန်လည်ဆောက်လုပ်ပေးမယ်လို့ ဆိုသူ

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း ၁၉ ကျောင်းကို ပုံစံတူ ပြန်တည်ဆောက် ပေးမယ်လို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ် ဟာဆီနာက ပြောပါတယ်။

မြန်မာတွေက ပန်းဝါမြို့လို့ သိကြတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ရာမူးမြို့က ဘုန်းတော်ကြီးကျောင်းတွေ ဖြစ်ပြီး၊ ဒီကျောင်းတွေ ပြန်တည်ဆောက်ဖို့ အမေရိကန်ဒေါ်လာ တသန်းခွဲလောက် သုံးစွဲသွားမယ်လို့ ဆိုပါတယ်။

ဝန်ကြီးချုပ်က ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေနဲ့ ဒက္ကားမြို့မှာ တွေ့ဆုံပြီးနောက်မှာ အခုလို ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။

ဘုန်းတော်ကြီးကျောင်းတွေကို အရင်ပုံစံအတိုင်း၊ ဒါမှမဟုတ် အရင်ထက် ပိုခမ်းနားအောင် ဗိသုကာ ပညာရှင်တွေပါ ခေါ်ယူငှားရမ်းပြီး တည်ဆောက်ပေးမှာလို့ သိရပါတယ်။

အစိုးရဘတ်ဂျက်နဲ့ ဆောင်ရွက်မယ့် ဒီတည်ဆောက်ရေးလုပ်ငန်းကိုတော့ ဘင်္ဂလားဒေ့ရှ် စစ်တပ်က တာဝန်ယူ ဆောက်လုပ်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။