BBC navigation

မြန်မာ ဟိုတယ်ခရီး မြှင့်တင်ရေး လိုအပ်

နောက်ဆုံး ရေးသားချိန် 8 နိုဝင်ဘာလ 2012 - 02:49 GMT
myanmar tourism

မြန်မာ ခရီးသွား ဝန်ဆောင်ခ ကြီးမြင့်

မြန်မာ့ ခရီးသွား လုပ်ငန်း တိုးမြှင့်ဖို့ ပြင်ဆင် နေပေမယ့် ဟိုတယ်နဲ့ ခရီးသွား လုပ်ငန်းမှာ အဆောက်အအုံ လိုအပ်ချက်တွေ ရှိနေလို့ မြှင့်တင်ရ ခက်နေတယ်လို့ သိရပါတယ်။

လတ်တလောမှာ မြန်မာပြည်ကို သွားတဲ့ ခရီးသွား ဧည့်သည် များပြားနေလို့ ရှိတဲ့ ဟိုတယ်နဲ့ ဝန်ဆောင်မှုတွေ မလောက်မင ဖြစ်ပြီး တည်းခိုစရိတ် ကြီးမြင့်တာတွေ ဖြစ်နေတာပါ။

ယူရိုဇုန် စီးပွားရေး အခြေအနေ မကောင်းလို့ မြန်မာ အပါအဝင် အရှေ့တောင် အာရှ ခရီးသွား စျေးကွက် လေးလံ နေတယ်လို့ လန်ဒန် ခရီးသွား ပြပွဲ မှာ လာရောက် ပြသနေတဲ့ မြန်မာ ခရီးသွား မြှင့်တင်ရေး တာဝန်ရှိသူ များက သုံးသပ် ပြောဆိုပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။