BBC navigation

မြေငလျင် ကြောင့် သေဆုံးသူ ၁၆ ယောက် ရှိ

နောက်ဆုံး ရေးသားချိန် 12 နိုဝင်ဘာလ 2012 - 14:45 GMT
Burma Earthquake Nov, 2012

တနင်္ဂနွေ နေ့က လှုပ်ခဲ့တဲ့ မြေငလျင် ဒဏ်ကြောင့် ဘုရား ပုထိုး တွေလည်း ထိခိုက်ခဲ့

စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်း တို့မှာ နိုဝင်ဘာလ ၁၁ ရက်နေ့က အင်အားပြင်း မြေငလျင် လှုပ်ခဲ့တဲ့ အတွက် သေဆုံးသူ နဲ့ ပျောက်ဆုံးသူ ၁၆ ယောက် ရှိပြီး ဒဏ်ရာရသူ ၆၁ ယောက် ရှိတယ်လို့ မြန်မာ အာဏာပိုင်တွေက ပြောပါတယ်။

၆ ဒဿမ ၈ ပြင်းအား ရှိတဲ့ မနေ့က မြေငလျင်ကြောင့် အိမ်ခြေ ၁၃၄ လုံး ပျက်စီး သွားတယ်လို့ ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာ ချထားရေး ဝန်ကြီး ဌာနက ဒုတိယ ညွှန်ကြား ရေးမှူးချုပ် ဦးစိုးဌေးက ဘီဘီစီကို ပြောပါတယ်။

သပိတ်ကျင်း မြို့နယ် မှာ အပျက် အစီး အများဆုံး ဖြစ်ခဲ့ပြီး အိမ်ခြေ ၁ဝဝ ကျော်ပျက်စီး သွားခဲ့ပါတယ်။

နောက်ထပ် သီတင်း နှစ်ပတ် အတွင်း နောက်ဆက်တွဲ မြေငလျင်တွေ လှုပ်နိုင် သေးတဲ့ အတွက် ကွဲအက် နေတဲ့ အဆောက် အဦ တွေမှာ နေထိုင်ခြင်း မပြုကြဖို့ သက်ဆိုင်ရာက ကြေညာထား ပါတယ်။

ငလျင်ဒဏ် ခံရသူတွေ အတွက် မြန်မာ အစိုးရဘက်က လောလောဆယ် ရွက်ဖျင် တဲနဲ့ အရေးပေါ် အစား အသောက်တွေ ကူညီ ပေးခဲ့ပြီး ကုလသမဂ္ဂနဲ့ အန်ဂျီအို အဖွဲ့တွေကလည်း အကူအညီတွေ ပံ့ပိုး ပေးမယ်လို့ ကမ်းလှမ်းထား ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၁ မတ်လက ရှမ်းပြည်နယ် အတွင်း လှုပ်ခတ်ခဲ့တဲ့ မြေငလျင်ကြောင့် လူ ၇၅ ယောက်ထက် မနည်း သေဆုံး ခဲ့ရ ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။