BBC navigation

ဝန်ကြီးဌာန ၁၅ ခု ငွေကြေးနဲ့ လုပ်ပိုင်ခွင့် အလွဲသုံးစားမှုရှိ

နောက်ဆုံး ရေးသားချိန် 14 နိုဝင်ဘာလ 2012 - 16:16 GMT
Burma Parliament

လွှတ်တော်ရုံးကို စာရင်းစစ်ချုပ်ရဲ့ စစ်ဆေး တွေ့ ရှိချက် ပေးပို့

မြန်မာ နိုင်ငံက ဝန်ကြီးဌာန ထက်ဝက် နီးပါး မှာ ငွေကြေးနဲ့ လုပ်ပိုင်ခွင့် အလွဲ သုံးစားမှု တွေ ရှိနေတယ်လို့ စာရင်းစစ်ချုပ်က လွှတ်တော်မှာ တင်ပြခဲ့ ပါတယ်။

ဒီလို တွေ့ရှိချက် မျိုးကို စာရင်း စစ်ချုပ်က နိုင်ငံတော် သမ္မတ ဆီကိုသာ တိုက်ရိုက် တင်သွင်းတာ ဖြစ်ပြီး အခုတော့ သမ္မတဆီ တင်သွင်းပြီးတာနဲ့ လွှတ်တော်ရုံးကို ပေးပို့ခဲ့တယ်လို့ ပြည်သူ့လွှတ်တော် ငွေစာရင်း ကော်မတီ အဖွဲ့ဝင် စိုင်းသီဟကျော် ကပြော ပါတယ်။

ဝန်ကြီးဌာန ၁၅ ခုမှာ ငွေကြေး ဆိုင်ရာ အလွဲသုံးစာလုပ်မှု၊ မသမာမှုနဲ့ မှားယွင်း လုပ်ဆောင်မှု တွေကြောင့် နိုင်ငံတော် အနေနဲ့ ကျပ်ငွေ သန်းပေါင်း ၆ သောင်း နီးပါးနဲ့ အမေရိကန်ဒေါ်လာ ၂ သိန်းကျော် နစ်နာ ခဲ့တယ်လို့ ပြည်ထောင်စု စာရင်း စစ်ချုပ် ဦးသိန်းထိုက်က ပြည်ထောင်စု လွှတ်တော်မှာ ဗုဒ္ဓဟူးနေ့က တင်သွင်းခဲ့တဲ့ အစီရင် ခံစာမှာ ဖော်ပြ ထားတာ ဖြစ်ပါတယ်။

အစိုးရ ဌာန အဖွဲ့ အစည်း တွေရဲ့ ၂၀၁၁ ကနေ ၂၀၁၂ ဘဏ္ဍာနှစ် အတွက် သုံးငွေတွေကို စစ်ဆေးရာမှာ ကျပ်ငွေ သန်းပေါင်း သောင်းနဲ့ ချီပြီး အလွဲသုံးစား လုပ်သည့် ဝန်ကြီး ဌာန တွေကတော့(၁) လျှပ်စစ် စွမ်းအား ဝန်ကြီးဌာန၊ (၂)ကျန်းမာရေး ဝန်ကြီးဌာန၊ (၃) သိပ္ပံနဲ့ နည်းပညာ ဝန်ကြီး ဌာန၊(၄) မွေးမြူရေး နှင့် ရေလုပ်ငန်း ဝန်ကြီး ဌာန၊(၅) ပြန်ကြားရေး ဝန်ကြီးဌာန၊(၆) စက်မှု ဝန်ကြီးဌာန၊ (၇) စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ် ရေး ဝန်ကြီးဌာန၊ (၈) သစ်တော ရေးရာ ဝန်ကြီး ဌာန၊ (၉) သမ ဝါယမ ဝန်ကြီးဌာန၊ သမ ဝါယမ ဝန်ကြီးဌာန၊ (၁၀) လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီး ဌာန၊ (၁၁)ပညာရေး ဝန်ကြီးဌာန၊ (၁၂)ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီး ဌာန၊ (၁၃)ဟိုတယ်နှင့်ခရီး သွားလာရေး ဝန်ကြီး ဌာန၊ (၁၄) မီးရထား ဝန်ကြီးဌာန (၁၅)ဆက်သွယ်ရေး ဝန်ကြီးဌာန တို့ ဖြစ်တယ်လို့ တွေ့ရှိရကြောင်း ပြည်သူ့လွှတ်တော် ငွေစာရင်း ပူးပေါင်း ကော်မီတီရဲ့ အစီရင်ခံစာမှာ တွေ့ရပါတယ်။

အလွဲသုံးစားမှု တွေ့ရှိချက်တွေ အရ ဝန်ကြီး ဌာနအလိုက် အောက်ခြေ အဆင့် တွေကို အရေးယူ တာတွေ ရှိပေမဲ့ အရေးယူမှု တွေက မပြင်းထန် သလို သက်ဆိုင်ရာ ဝန်ကြီးတွေရဲ့ တာဝန်ယူမှု လည်း မရှိဘူးလို့ စိုင်းသီဟကျော် ကပြော ပါတယ်။

နောင်ကို ဒီလို မဖြစ်အောင် ကြပ်ကြပ် မတ်မတ်ဆောင်ရွက်ဖို့ လွှတ်တော်က တိုက်တွန်းသွားမယ့် အစီ အစဉ် တွေလည်း ရှိတယ်လို့ သူက ပြော ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။