BBC navigation

လက်ပံတောင်းတောင် စီမံကိန်း ထိုင်သပိတ် ဆန္ဒပြ

နောက်ဆုံး ရေးသားချိန် 18 နိုဝင်ဘာလ 2012 - 01:21 GMT

အမှောင်ထဲက ဆန္ဒပြ ဖော်ထုတ်မှု

မုံရွာအနီး လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းမှာ ဒေသခံတွေ တောင်းဆိုသလို လုပ်ငန်းတွေ ရပ်တာ မရှိလို့ ဒေသခံ ရာနဲ့ချီပြီး မနေ့ မနက်က တရုတ် ဝမ်ပေါင် ကုမ္ပဏီ လုပ်ငန်းခွင် ရှေ့မှာ ဆန္ဒ ထုတ်ဖော်ခဲ့ကြ ပါတယ်။

ကျေးရွာပေါင်း ၂၆ ရွာက ရွာသားတွေ ပါဝင်ပြီး လုပ်ငန်းတွေ မရပ်မချင်း ထိုင်သပိတ် ပုံစံနဲ့ ဆက်လက် ဆန္ဒပြ ထုတ်ဖော်ဖို့ ရှိတယ်လို့ သပိတ် ခေါင်းဆောင် တယောက်က ပြောပါတယ်။

ဆန္ဒပြကြတဲ့ ရွာတွေထဲက တရာဖြစ်တဲ့ တုံရွာသစ်ရွာက ကိုတင်ဇော်က အင်အား တထောင်လောက် ရှိတယ်လို့ ဆိုပြီး နေ့ည ထိုင်သပိတ် လုပ်သွားမယ်လို့ သိရပါတယ်။

တရုတ် ကုမ္ပဏီက လာတွေ့ပြီး မေးသွားခဲ့တယ်လို့ သူက ပြောပါတယ်။

ခုညပိုင်းမှာတော့ ထိုင်သပိတ်မှာ လူနှစ်ရာလောက် ဆန္ဒပြတယ်လို့ ဆိုပြီး အာဏာပိုင်တွေ လာကြည့်တာ ရှိတယ်လို့လည်း သိရပါတယ်။

သူတို့ လိုက်လျောသည် ဖြစ်စေ မလိုက်လျောသည် ဖြစ်စေ စီမံကိန်း ရပ်ဆိုင်းတဲ့ အထိ ဆန္ဒပြသွားမယ်လို့ သူက ပြောကြားသွားခဲ့ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။