BBC navigation

ဖွံ့ဖြိုးရေး ကျောင်းသားတွေ ချီတက် ဆန္ဒပြ

နောက်ဆုံး ရေးသားချိန် 23 နိုဝင်ဘာလ 2012 - 01:56 GMT
sagaing

ကျောင်းသားတွေ တံတားဖြတ် ချီတက် (ဓာတ်ပုံ ကိုမြင့်ဖေ)

မန္တလေး ကနေ စစ်ကိုင်း ရွာသစ်ကြီးကို ပြောင်းရွှေ့ခံရတဲ့ တိုင်းရင်းသား ဖွံ့ဖြိုးရေး ကောလိပ် ကျောင်းသား ၆ဝဝ မန္တလေးကို ကြာသပတေး နေ့ညက ချီတက် ဆန္ဒပြ ကြပါတယ်။

နယ်စပ် စည်ပင်ဌာနက ကျောင်းကို ပညာရေး ဌာန လွှဲပေးခဲ့ပြီးနောက် ကျောင်းသား တွေကို ရွာသစ်ကြီး ဖွံ့ဖြိုးရေး တက္ကသိုလ်ကို လွှဲပေးခဲ့တာပါ။

ရွာသစ်ကြီးမှာ နေရေးထိုင်ရေး ခက်ခဲပြီး ကျောင်းဆောင်ပါ မလုံလောက်လို့ ကျောင်းသား တွေက သတင်းစာ ရှင်းလင်းပွဲ လုပ်ပြီး ကျောင်းဟောင်းကို ပြန်ရွှေ့ပေးဖို့ တောင်းဆို ပေမယ့် မထူးခြားလို့ ခုလို ချီတက်ခဲ့တာ ဖြစ်ပါတယ်။

သူတို့ကို လမ်းမှာ ရဲကားနဲ့ လိုက်ပြီးတားဆီးခဲ့ကာ ကျောင်းကို ပြန်လိုက်ဖို့ ခေါ်တယ်လို့လဲ သိရပါတယ်။

သူတို့ကို ဗကသ အဖွဲ့၊ ဆရာများ သမဂ္ဂနဲ့ သတင်းထောက် တွေက စစ်ကိုင်း တံတားထိပ်က သွားကြိုပြီး ကျောင်းဟောင်းမှာပဲ ပြန်နေရာချ ပေးကြောင်း သွားတွေ့ခဲ့တဲ့ ဗကသများ အဖွဲ့ချုပ် ဗဟိုလုပ်ငန်း ကော်မီတီ ဒုတိယ ဥက္ကဋ္ဌ ကိုမိုးထက်နေက ပြောပါတယ်။

သောကြာနေ့မှာ သတင်းစာ ရှင်းလင်းပွဲ လုပ်ဖို့ ရှိပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။