BBC navigation

စပါးစျေး လျှော့မရောင်းဖို့ စာထုတ်

နောက်ဆုံး ရေးသားချိန် 24 နိုဝင်ဘာလ 2012 - 01:42 GMT
rice

ဈေးကျနေရင် လယ်သမား အသင်းက ဝင်ညှိမယ်

အခုနှစ် စပါးဈေးမှာ ရိုးရိုး ဧည့်မထ တင်း ၁ဝဝ ကို ၃သိန်း ၃သောင်း အောက် မရောင်းဖို့ မြန်မာနိုင်ငံ တောင်သူ လယ်သမား အသင်းက လယ်သမား တွေကို နှိုးဆော်လိုက် ပါတယ်။

အဲ့ဒီထက် ဈေးကျနေမယ် ဆိုရင် တောင်သူ လယ်သမား အသင်းက သက်ဆိုင်ရာနဲ့ ညှိနှိုင်း ဖြေရှင်းတာ ဝယ်ယူတာတွေ လုပ်မယ်လို့ ထုတ်ပြန်ပါတယ်။

အခုနှစ် အစိုးရ အရန်ဆန် ဝယ်ယူရာမှာ တင်ဒါခေါ်ထား တာကြောင့် ဈေးပြိုင် လျှော့တင်ပြီး တောင်သူတွေမှာ ဈေးလျှော့ ဝယ်တာမျိုး ဖြစ်လာမှာ စိုးလို့ လယ်သမား အသင်း က သတိပေးရတာလို့ အသင်း ဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်းက ပြောပါတယ်။

စိုက်စရိတ် အကြွေးဆပ်ဖို့နဲ့ ဆောင်းသီးနှံ စိုက်ဖို့ စရိတ်တွေ လိုတာကြောင့် တောင်သူတွေ ဈေးရတဲ့အထိ စောင့်ရောင်းနိုင်မှာ မဟုတ်ဘူးလို့ ကိုယ်တိုင် စပါးစိုက်ပြီး လယ်သမားအရေး လုပ်နေသူ ညောင်လေးပင်က ဦးအောင်သွင်ဦးက ပြောပါတယ်။

ဆန်ကုန်သည် အသင်း ကလည်း စပါးဈေး ၃ သိန်း ၃ သောင်း အောက် မရောက်အောင် ဆောင်ရွက် နေပါတယ်။

နိုင်ငံခြားကို ဆန်ပိုရောင်း ရအောင် ကြိုးစားနေတယ် လို့ဆိုပါတယ်။

အခုနှစ်မှာ ဆန်တန်ချိန် ၁ သန်းခွဲ ရောင်းဖို့ ရာထားပြီး ၂၅ မတ် ဈေးကတော့ တတန်ကို အမေရိကန် ဒေါ်လာ ၃၅ဝ ဝန်းကျင်နဲ့ ရောင်းနေရတယ်လို့ ဆန်စပါး လုပ်ငန်းရှင်များ အသင်း အတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။