BBC navigation

လူဝတ်လဲပြီးသား သံဃာကို ပြန်ဖမ်းဆီး

နောက်ဆုံး ရေးသားချိန် 3 ဒီဇင်ဘာလ 2012 - 01:45 GMT
_bbc_monk

မျက်ရည်ယိုဗုံး မီးလောင်ပေါက် သင်္ကန်း

လက်ပန်တောင်းတောင် သပိတ် အကြမ်းဖက်မှု ကို ပြည်တွင်းရှိ မြို့ အတော်များများ မှာ ဆန္ဒပြချိန်အတွင်း ၂ဝဝ၇ ခုနှစ် သံဃာ့ လှုပ်ရှားမှု အတွင်း ရှေ့ဆောင်သံဃာ တပါးဖြစ်တဲ့ ဦးဂမ္ဘီရ ဟာ လူဝတ်လဲပြီး ကိုညီညီလွင် အဖြစ်နေထိုင်ယင်း ဆေးကုသမှု ခံယူနေပေမယ့် ထောင်လွတ်စ က အမှုနဲ့ သင်္ကန်းကျွန်းရဲ က ဖမ်းပြီး အင်းစိန်ထောင် ကို ပို့လိုက်ပါတယ်။

အခုဖမ်းတဲ့အခါမှာ ၄၄၈၊၄၂၇၊၄၅၄ စတဲ့ ပုဒ်မတွေ အရ အိမ်ကျော်တက်မှု၊ ဝင်ရောက်နေထိုင်မှု၊ အကျိုးဖျက်ဆီးမှု စတဲ့ ၂ဝဝ၇ ခု တုန်းက စွဲချက်တင်ခဲ့တဲ့ အမှုဟောင်း နဲ့ ပြန်ဖမ်းပုံ၊ လာမယ် ဒီဇင်္ဘာလ ၁၄ ရက်နေ့မှာ ရုံးချိန်း ရှိတဲ့ အကြောင်း မိခင်ဖြစ်သူ ဒေါ်ရေးက ဘီဘီစီ ကို ပြောပါတယ်။

အမှန်မှာ အထက်ပါ အမှုတွေကို နိုင်ငံတော် သံဃာ့ မဟာနာယက ဆရာတော်ကြီးတွေ ကိုယ်တိုင် သာဓုခေါ်ပြီး ကျေအေးပြီးဖြစ်ကြောင်း၊ အခု လက်ပန်တောင်းတောင် အရေးမှာ သံဃာတော်တွေ ဒဏ်ရာရကြတဲ့ မလုပ်သင့်တဲ့ လုပ်ရပ်ကြောင့်၊ ဦးဂမ္ဘီရ ပါဝင်ရာက သံဃာတော်တွေ အုံကြွလာမှာ ကို စိုးရိမ်ရာက ဖမ်းထည့်တဲ့ အသွင်ဆောင်ပုံ ကို ဒေါ်ရေး က ဘီဘီစီ ကို ရှင်းပြပါတယ်။

ဦးဂမ္ဘီရခေါ် ကိုညီညီလွင်ဟာ ယခင် ထောင်မှ လွတ်လာ ကတည်းက စိတ်ကျန်းမာရေး မပြည့်သေးလို့ ကုသမှုခံယူနေပုံ၊ အဲဒီ အတွက် မိသားစု အနေနဲ့ အထက် ကို စာတင်မယ့် အကြောင်း ကို ဒေါ်ရေး က ဘီဘီစီ ကို ရှင်းပြပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။