BBC navigation

ထိုင်းက မြန်မာ အကျဉ်းသား ကိစ္စ

နောက်ဆုံး ရေးသားချိန် 6 ဒီဇင်ဘာလ 2012 - 22:54 GMT

ထိုင်းထောင်တွေထဲမှာ မြန်မာ အကျဉ်းသား အကြမ်းဖျဉ်း ၁၀၀၀၀ လောက် ရှိ

ထိုင်းနိုင်ငံ အကျဉ်းထောင်တွေ ထဲမှာ ရှိတဲ့ မြန်မာ အကျဉ်းသားတွေကို လွတ်ငြိမ်း ချမ်းသာခွင့် ပေးဖို့ အတွက် ဘန်ကောက်မှာ ရှိတဲ့ မြန်မာသံ အမတ်ကြီး ဦးတင်ဝင်းက ထိုင်း နိုင်ငံခြားရေး ဝန်ကြီး စူရဖုန်း တိုးဝိကျတ် ချိုင်းကွန်း နဲ့ ကြာသပတေးနေ့က တွေ့ဆုံ စဉ်မှာ မေတ္တာ ရပ်ခံ လိုက်ပါတယ်။

ထိုင်းထောင်တွေထဲမှာ မြန်မာ အကျဉ်းသား အကြမ်းဖျဉ်း ၁၀၀၀၀ လောက် ရှိတယ်လို့ သံအမတ်ကြီး ဦးတင်ဝင်းက ပြောပါတယ်။

အများစု ကတော့ မူးယစ် ဆေးဝါး အမှုနဲ့ အကျဉ်းကျ ခံနေရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုလို မြန်မာ သံအမတ်ကြီးက မေတ္တာရပ်ခံ တဲ့အပေါ် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက သက်ဆိုင်ရာ ဌာနတွေကို ဆက်ပြီး မေတ္တာရပ် ခံပေးမယ်လို့ ပြောကြောင်း သံအမတ်ကြီးက ပြောပါတယ်။

မြန်မာ အကျဉ်းထောင်တွေက ထိုင်း အကျဉ်းသား ၁ဝဝ လောက်ကို မကြာခင် ကပဲ သမ္မတ ဦးသိန်စိန်က လွတ်ငြိမ်း ချမ်းသာခွင့် ပေးခဲ့ပြီး ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။