BBC navigation

JICA အကူအညီနဲ့ မိုးဇလ စခန်း တည်ဆောက်မယ်

နောက်ဆုံး ရေးသားချိန် 13 ဒီဇင်ဘာလ 2012 - 01:39 GMT

တိုင်ဝမ်က ရေဒါ စခန်း

ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ JICA ရဲ့ အကူအညီနဲ့ မိုးလေ၀သခန့်မှန်းရေး ရေဒါစခန်း သုံးခုကို တည်ဆောက်သွားဖို့ အဆိုပြု ထားတယ်လို့ မြန်မာနိုင်ငံ မိုးလေ၀သနဲ့ ဇလဗေဒ ဌာန ပြောခွင့်ရသူ ဦးကျော်လွင်ဦးက ပြောပါတယ်။

ရေဒါ စခန်းတွေကို တည်ဆောက်ဖို့ အတွက် ဂျပန်အစိုးရနဲ့ နားလည်မှုစာချွန်လွှာကို ဇူလိုင်လက တည်းက လက်မှတ် ရေးထိုးထားခဲ့ပြီး တကယ်လို့ အဲဒီရေဒါစခန်းတွေ တည်ဆောက်ဖြစ်မယ် ဆိုရင် မုန်တိုင်းကြီး တွေကို မိုးလေ၀သ ခန့်မှန်းရာမှာပိုပြီး တိတိကျကျဆောင်ရွက်နိုင်လိမ့်မယ် လို့ ဦးကျော်လွင်ဦးက ရှင်းပြပါတယ်။

ကျောက်ဖြူ ၊ ရန်ကုန် ၊ မန္တလေး တို့မှာ တပ်ဆင်ပေးဖို့ အဆိုပြုထားတာ ဖြစ်တယ် နောက်ဆုံး ဆုံးဖြတ်ချက်ကိုတော့ မသိရသေးလို့ သူက ဆိုပါတယ်။

ဒါတွေကို တည်ဆောက်ဖြစ်မယ် ဆိုရင် ဘင်္ဂလား ပင်လယ်အော်ကို မုန်တိုင်းကြီးတွေ ကမ်းခြေကို မဝင်ရောက်မီ တရက်လောက် ကြိုခန့်မှန်းနိုင် လိမ့်မယ်လို့ သူက ပြောပါတယ်။

မုန်တိုင်း မဟုတ်ပေမယ့် မိုးရွာသွန်းနိုင်မယ့် ပမာဏနဲ့ ဆိုးရွားတဲ့ မိုးလေဝသ အခြေအနေကို ဖန်တီးနိုင်တဲ့ တိမ်တောင် တိမ်တိုက် ဖြစ်ထွန်းမှုတွေကိုလည်း တွက်ချက် ထုတ်ပြန် နိုင်လိမ့်မယ်လို့ သူက ဆိုပါတယ်။

ဒေသတွင်း မိုးလေ၀သ ခန့်မှန်းချက်တွေကို ကမ္ဘာ့မိုးလေဝသ အဖွဲ့ချုပ်တွေရှိရာ ဂျပန် ၊ တရုတ် ၊ အိန္ဒိယ နဲ့ ကိုရီးယား အစရှိတဲ့ ဒေသတွင်းက ဌာနကြီးတွေက ထုတ်ပြန်ချက် အပေါ် မြန်မာနိုင်ငံက မိုးလေဝသ ခန့်မှန်းရေးမှူးတွေက အချက်အလက်တွေ အသုံးပြုပြီး ခေတ်မှီစွာ လတ်တလော အသုံးပြု ထုတ်ပြန်နေတာ ဖြစ်တယ်လို့ JICA က ဦးကျော်လွင်ဦးက ရှင်းပြသွားခဲ့ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။