BBC navigation

ဆီးရီးယားသမ္မတ ကျရှုံးတော့ မယ်လို့ ရုရှားထုတ်ပြော

နောက်ဆုံး ရေးသားချိန် 13 ဒီဇင်ဘာလ 2012 - 18:46 GMT

မစ္စတာ ဘိုဒါနို့ဗ်က ဆီးရီးယား အနေနဲ့ ဆွေးနွေး ညှိနှိုင်းပြီး အပေးအယူ လုပ်ဖို့ ကို ထပ်မံ တောင်းဆို

ဆီးရီးယား သမ္မတ ဘာရှားအဲလ် အာဆတ် ဟာ အရှုံးနဲ့ ရင်ဆိုင် ရဖွယ် ရှိနေတယ်လို့ ရုရှား နိုင်ငံက ပထမ ဦးဆုံး အကြိမ် လူသိ ရှင်ကြား ထုတ်ဖေါ် ပြောကြား လိုက် ပါတယ်။

ဆီးရီးယား အစိုးရ တပ်ဖွဲ့တွေဟာ နယ်မြေတွေကို ပိုမို လက်လွှတ် ဆုံးရှုံး နေရပြီး၊ အတိုက် အခံတွေ အနေနဲ့လည်း အောင်မြင်မှု ရပြီ လို့ မပြောနိုင် သေးကြောင်း ရုရှား ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး မီခေးလ် ဘိုဒါနို့ဗ် က ပြောပါတယ်။

ဒါပေမယ့် လည်း ရုရှားဟာ သူ့ရဲ့ အဓိက မဟာမိတ် နိုင်ငံ ဖြစ်တဲ့ ဆီးရီးယားနဲ့ ပတ်သက်ပြီး တရားဝင် သဘောထားကို တော့ ပြောင်းလဲမှု မရှိသေးဘူးလို့ မော်စကိုမှာ ရှိတဲ့ ဘီဘီစီ သတင်း ထောက်က ပြောပါတယ်။

သမ္မတ အာဆတ်ကို ဖြုတ်ချ လိုက်မယ် ဆိုရင် ဆီးရီးယား ပဋိပက္ခဟာ ပိုကြီး လာမယ် ဆိုတာ ကိုတော့ ရုရှားတို့က ယူဆ ထားဆဲ ဖြစ်ပါတယ်။

မစ္စတာ ဘိုဒါနို့ဗ်က ဆီးရီးယား အနေနဲ့ ဆွေးနွေး ညှိနှိုင်းပြီး အပေးအယူ လုပ်ဖို့ ကို ထပ်မံ တောင်းဆို လိုက်ပါတယ်။

ဆီးရီးယား အစိုးရကို လက်နက်တွေ ထုတ်ပေးနေတဲ့ ရုရှားဟာ ဆီးရီးယား နိုင်ငံ ပဋိပက္ခကို နိုင်ငံ တကာက ကြားဝင်မှာကို ကန့်ကွက် တားဆီးနေတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။