BBC navigation

ရခိုင်ဘတ်ဂျက်ကိစ္စ သဘောမတူနိုင်သေး

နောက်ဆုံး ရေးသားချိန် 15 ဒီဇင်ဘာလ 2012 - 18:02 GMT

ရခိုင်ကမ်းမြှောင်ဒေသမှာ ဆားငံရည် ဝင်ရောက်မှုကြောင့် စပါးအထွက် နည်းနေတယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၁၀ ရက်နေ့ကနေတည်းက စတင်ကျင်းပနေတဲ့ ရခိုင်ပြည်နယ် လွှတ်တော်မှာ ဘတ်ဂျက်ခွဲဝေရေး ဆိုင်ရာနဲ့ ပတ်သက်ပြီး ကြာသပတေးနေ့က ဆွေးနွေးခဲ့ကြရာမှာ သဘောတူညီမှု မရနိုင်သေးဘူးလို့ သိရပါတယ်။

ပြည်ထောင်စု အစိုးရကနေ တိုင်းနဲ့ပြည်နယ် တစ်ခုစီကို နောက်ထပ် တိုးမြှင့် ဘဏ္ဍာ ကျပ်ငွေ ဘီလီယံ ၂၀ ခန့် ချပေးမယ့် ဘတ်ဂျက်ငွေ ခွဲဝေသုံးစွဲရေးနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် လွှတ်တော်မှာ ပြည်နယ် အစိုးရနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အကြားမှာ အချေအတင် အငြင်း ပွားခဲ့ကြတဲ့ အတွက် ဘတ်ဂျက်မခွဲနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။

အိမ် ၄၆ လုံးက ၀န်ထမ်းအိမ်ရာဖြစ်ပြီး ကား ၄၈ စီးကတော့ ထွေအုပ် တောင်းတာ ဖြစ်တယ်လို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ စစ်တွေမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော်က ဘီဘီစီကို ပြန်ပြောပြပါတယ်။

အများစု လွှတ်တော် ကိုယ်စားလှယ် တွေကတော့ ဒီဘတ်ဂျက်ငွေတွေကို အမှန်တကယ် လူထု အတွက် လိုအပ်နေတဲ့ နေရာမျိုးတွေမှာသာ အသုံးပြုလိုနေကြပါတယ်။

ဒီဘတ်ဂျက် ခွဲဝေမှုနဲ့ ပတ်သက်ပြီး လာမယ့် တနင်္လာနေ့နဲ့ အင်္ဂါနေ့တွေမှာ ကျင်းပမယ့် ရခိုင်ပြည်နယ် လွှတ်တော်မှာတော့ ပိုပြီး အချေအတင် ဖြစ်လာနိုင်တယ်လို့ လွှတ်တော် ကိုယ်စားလှယ်တွေက သုံးသပ် ပြောဆိုနေကြပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။