BBC navigation

လက်ပံတောင်း နယ်ခံတွေကို ကော်မရှင်စုံစမ်း

နောက်ဆုံး ရေးသားချိန် 19 ဒီဇင်ဘာလ 2012 - 01:37 GMT
letpadaung

သံဃာ အားလုံးကို တာဝန်ယူ ကုမပေးလို့ဆို

လက်ပံတောင်း စီမံကိန်း သပိတ် ဖြိုခွဲမှု အတွက် စုံစမ်းရေး ကော်မရှင်က ဒေသခံ တွေကို မေးမြန်း စုံစမ်း ခဲ့ရာမှာ ပြီးခဲ့တဲ့ စီမံကိန်း တွေရဲ့ ဆိုးကျိုးတွေကို ကြေးစင်တောင် စံပယ်တောင် ဒေသခံ ရွာတွေမှာ ထိခိုက်တာ ကြုံခဲ့ရလို့ မလုပ်စေချင်ကြောင်း ပြောဆို ခဲ့ကြပါတယ်။

သပိတ် ဖြိုခွဲရာမှာ မီးခိုးဗုံး သုံးတယ် ဆိုတဲ့ ကော်မရှင် ထုတ်ပြန်ချက် ဟာလဲ မဟုတ်မှန်ကြောင်း ထိခိုက် ဒဏ်ရာရတဲ့ ရဟန်းတော်တွေကို ကြည့်ရင် သိနိုင် တယ်လို့ ဝက်မှေးရွာသူ မအေးနက်က ပြောပါတယ်။

သံဃာတွေ ကို တောင်းပန်တယ် ဆိုပေမယ့် ထိခိုက် ဒဏ်ရာရသူ အားလုံးကို တာဝန်ယူ ကုသ ပေးတာ မဟုတ်ဘဲ ပြည်သူ စုပေါင်း ထောက်ပံ့မှုနဲ့ ကုနေရတယ် လို့လဲ မအေးနက်က ဘီဘီစီကို ပြောကြား ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။