BBC navigation

ဒေါ်အောင်ဆန်းစုကြည် Ion Ratiu Democracy ဆု ချီးမြှင့်ခံရ

နောက်ဆုံး ရေးသားချိန် 18 ဒီဇင်ဘာလ 2012 - 01:03 GMT

Wilson Centre က ဒေါ်စုကို ဂုဏ်ထူးဆောင် ဆု ချီးမြှင့်

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ၊ ပြည်သူ့လွှတ်တော် အမတ်လည်းဖြစ် ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဟာ အမေရိကန် ပြည်ထောင်စု Wilson Centre က ပေးအပ်တဲ့ ၂၀၁၂ ခုနှစ် ဆိုင်ရာ Ion Ratiu Democracy ဆု ချီးမြှင့်ခံရတယ်လို့ ဝီလ်ဆင် စန်တာရဲ့ အကြီးအကဲ Jane Harman က ကြေညာခဲ့ပါတယ်။

၂၀၁၃ ခုနှစ် ဇန္နဝါရီ ၁၅ ၊ ၁၆ ရက်နေ့ ရန်ကုန်မှာ ကျင်းပမယ့် ဝီလ်ဆင် စန်တာ က ပူးတွဲ ပြုလုပ်တဲ့ Global Women's Leadership Initiative စာတမ်းဖတ်ပွဲမှာ ဒီဂုဏ်ထူးဆောင်ဘွဲ့ကို ဒေါ်အောင်ဆန်း စုကြည်ကို ပေးအပ် ချီးမြှင့်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာ ပြည်သူတွေနဲ့ ဒီမိုကရေစီရေးရာ အတွက် ကိုယ်ကျိုးစွန့် ဘဝမြုပ်နှံ တိုက်ပွဲဝင်မှု အတွက်ကြောင့် အခုလို ချီးမြှင့်ရတာ ဖြစ်တယ်လို့ ဂျိန်းန် ဟာမန်က ပြောပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။