BBC navigation

လက်ပံတောင်းသပိတ် ဖြိုခွဲခံရမှု တလပြည့် ဆန္ဒပြ

နောက်ဆုံး ရေးသားချိန် 29 ဒီဇင်ဘာလ 2012 - 16:17 GMT

သပိတ် ဖြိုခွဲခံရတုန်း ကလည်း သံဃာတော်တွေ ဟာ ဦးပိုင်ကုမ္ပဏီကို ကန့်ကွက်ခဲ့ပါတယ်

လက်ပံတောင်း တောင် သပိတ် စခန်းတွေ အကြမ်းဖက် ဖြိုခွဲ ခံခဲ့ရတဲ့ တလပြည့် အထိမ်း အမှတ် အဖြစ် ရန်ကုန်နဲ့ မုံရွာ မြို့တွေမှာ စနေနေ့က ဆန္ဒပြ မှုတွေ ဖြစ်ပွားခဲ့ ပါတယ်။

ရန်ကုန် မှာတော့ စနေနေ့ ညနေ ၄ နာရီ လောက်က လူ အင်အား ၅၀ ကျော်ခန့် ဟာ ပန်းဆိုးတန်း ကနေ အနော်ရထာ လမ်းအတိုင်း လူစုပြီး မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက် ရှိ ရာ ၅၁ လမ်း အထိ ချီတက် ဆန္ဒပြခဲ့ ကြပါတယ်။

ဆန္ဒပြပွဲကို ဦးဆောင် လှုပ်ရှားသူ တစ်ဦး ဖြစ်တဲ့ ဒေါ်နော်အုံးလှ ကလည်း၊ သပိတ် စခန်း ဖြိုခွဲ ခဲ့တဲ့ သူတွေကို အရေးယူမှု မရှိဘဲ၊ ဒီစီမံကိန်း အတွက် ဆန္ဒပြ ဖေါ်ထုတ်တဲ့ သူတွေကို ဖမ်းဆီး တာတွေ လုပ်တဲ့ အတွက် ဆန္ဒပြရတာ ဖြစ်ကြောင်း ဘီဘီစီကို ပြောပါတယ်။ နောက်ပြီး ဦးပိုင် ကုမ္မဏီက ဒီစီမံကိန်း တွေမှာ ပါဝင် ပတ်သက် နေလို့ ကန့်ကွက် တာလည်း ဖြစ်ကြောင်း ပြောပါတယ်။

လက်ပန်းတောင်း တောင် အနီး မုံရွာ တစ်ဘက်ကမ်း ညောင်ပင်ကြီး မှာလည်း ညနေ ၃နာ ရီ လောက်က ကြေးနီ စီမံကိန်းကြောင့် နေရာ ပြောင်းရွှေ့ ခံခဲ့ ရတဲ့ ရွာတွေက ဒေသခံ လူအင်အား ၃၀ဝ ကျော်ဟာ ဆန္ဒ ဖော်ထုတ် ခဲ့ကြပါတယ်။ ဒေသခံတွေ ကတော့ ဒီကြေးနီ စီမံကိန်း လုံးဝ ရပ်ဆိုင်းရေး ကို အဓိက တောင်းဆို နေကြတာ ဖြစ်ပါတယ်။

ဆန္ဒပြပွဲ တွေဟာ ခွင့်ပြုချက် မရဘဲ လုပ်တာ ဖြစ်ပေမဲ့ ဖမ်းဆီး တာတွေ ဟန့်တား နှောင့်ယှက် တာတွေ တစုံ တရာ မရှိ သေးဘူးလို့ သိရ ပါတယ်။

လက်ပံတောင်း တောင် ကြေးနီ စီမံကိန်း ဖြိုခွင်းမှု နဲ့ ပတ်သက်လို့ အစိုးရက ပြီးခဲ့တဲ့ ရက်ပိုင်းက တောင်းပန်ခဲ့ သလို၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ကော်မရှင် ကလည်း သတင်းထုတ် ပြန်ချက်တွေ ဆက်တိုက် ထုတ်ပြန် နေပြီး ဒီဇင်ဘာ ၃၁ ရက်မှာ သမ္မတ ဆီကို အစီရင် ခံစာ တင် သွင်းဖို့ ရှိပါတယ်။

ဒီ အစီရင်ခံစာကနေ ကြေးနီ စီမံကိန်း ရပ်ဆိုင်းဖို့ အဖြေ မထွက်ခဲ့ဘူး ဆိုရင်တော့ မြန်မာ နိုင်ငံ အနှံ့ ကန့်ကွက် ဆန္ဒပြ ပွဲတွေ ထပ်မံ ဖြစ်ပေါ် လာဖို့ ရှိနေ ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။