BBC navigation

သမ္မတဦးသိန်းစိန် ရုရှား နိုင်ငံခြားရေး ဝန်ကြီးနဲ့ တွေ့ဆုံ

နောက်ဆုံး ရေးသားချိန် 17 ဇန်နဝါရီလ 2013 - 01:05 GMT
u_thein_sein_lavrov

သမ္မတဦးသိန်းစိန်နဲ့ ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂေ လက်ဗရော့ဗ်

မနေ့တုန်းက မြန်မာနိုင်ငံကို ရောက်ခဲ့တဲ့ ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂေ လက်ဗရော့ဗ် က နိုင်ငံတော်တော် များများက မြန်မာနိုင်ငံ အပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့မှု တွေကို ရုတ်သိမ်းပေးဖို့ ကို တောင်းဆို လိုက်တယ်လို့ ရုရှားအခြေစိုက် RIA သတင်းဌာနမှာ ဖော်ပြထား ပါတယ်။

ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဦးဆောင်တဲ့ ရုရှားကိုယ်စားလှယ် အဖွဲ့ဟာ မြန်မာ သမ္မတ ဦးသိန်းစိန်အပါအဝင် အစိုးရ၀န်ကြီးတွေနဲ့ မနေ့တုန်းက နေပြည်တော်မှာ တွေ့ဆုံ ခဲ့ပါတယ်။

အဲဒီလို တွေ့ဆုံ ခဲ့ကြရာမှာ နှစ်နိုင်ငံ အကြား လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးနဲ့ နည်းပညာပိုင်း ဆိုင်ရာတွေ၊ ပညာရေးနဲ့ ကျန်းမာရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက် မှုတွေ တိုးမြှင့် လုပ်ဆောင်သွားဖို့ ဆွေးနွေး ခဲ့ကြတယ်လို့ သမ္မတရုံး ၀က်ဘ်ဆိုက်မှာ ဖော်ပြထား ပါတယ်။

RIA Novosti သတင်းဌာနကလည်း ရုရှားနဲ့ မြန်မာ နှစ်နိုင်ငံ အကြား ပညာရေး နဲ့ ယဉ်ကျေးမှု ဆိုင်ရာ ပူးပေါင်းဆောင်ရွက် မှုတွေ လုပ်သွားဖို့ ဆွေးနွေး ခဲ့ကြတဲ့ အကြောင်း နဲ့ မြန်မာ သံတမန် တွေကိုလည်း ရုရှားမှာ သင်တန်းပေးသွား ဖို့ အစီအစဉ် တွေရှိတဲ့ အကြောင်း ဖော်ပြထားပါတယ်။

တခါ Russian World foundation ရဲ့ ရုံးခွဲ တခုကိုလည်း ရန်ကုန် တက္ကသိုလ် ထဲမှာ မကြာခင် အတောအတွင်းမှာ ဖွင့်လှစ် သွားနိုင်ဖို့ မျှော်လင့်ထားတဲ့ အကြောင်းကိုလည်း မစ္စတာ လက်ဗရော့ဗ်က ပြောကြောင်း ဖော်ပြထားပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။