BBC navigation

ဗန်းမော် မှာ ဗုံးပေါက်

နောက်ဆုံး ရေးသားချိန် 18 ဇန်နဝါရီလ 2013 - 00:56 GMT
304_304x171

ဗန်းမော်မြို့ အနီး ဗုံးပေါက်

ဇန္နဝါရီလ ၁၇ ရက် ညနေ ၄ နာရီခွဲ ခန့်က ဗန်းမော်မြို့ နည်းပညာ တက္ကသိုလ် အနီးမှာ ဗုံးတလုံး ပေါက်ကွဲခဲ့ပါတယ်။ အနီးမှာ ရှိတဲ့ လူ တယောက်ပဲ ဒဏ်ရာ ရသွားပါတယ်။

အခင်းဖြစ်ပွားတဲ့ နေရာဟာ မိုးမောက် နဲ့ ဗန်းမော်သွားတဲ့ လမ်း ဖြစ်ပြီး မြို့ အထွက် သုံးမိုင်ရွာ မရောက်မီ နည်းပညာ တက္ကသိုလ် အနီးလို့ ဒေသခံ က ဘီဘီစီ ကို ပြောပြတာပါ။

ဗုံးဒဏ်ကြောင့် ဒဏ်ရာ ရသူဟာ ကြက်စာပို့တဲ့ သုံးဘီး ဆိုင်ကယ် မောင်းသူ ဖြစ်ပါတယ်။ ကချင်ပြည်နယ် ဘက်မှာ အစိုးရ နဲ့ ကေအိုင်အေ တိုက်ပွဲ ဖြစ်နေတဲ့ တနှစ်ကျော် ကာလ အတွင်း ဗန်းမော်မြို့ မှာ ဗုံးအသေးစား ပေါက်ကွဲမှု ရှိခဲ့ဖူးကြောင်း၊ ကုက္ကိုတော ရပ်ကွက် ရှိ ကားဝေါ့ရှော့ တခုမှာ ထိုးစိုက်ထားတဲ့ ဂျစ်ကားဟောင်း အနီး ဗုံးပေါက်ကွဲ ရာမှာ ပြင်းထန်မှု မရှိကြောင်း လည်း ဒေသခံ က ရှင်းပြပါတယ်။

ကချင်ပြည်နယ် အတွင်းမှာ တိုက်ပွဲ တွေ ရှိနေသေးတဲ့ အတွက်၊ နယ်မြေ အေးချမ်းမှု မရှိတဲ့ အကြောင်း၊ ပြီးခဲ့တဲ့ သီတင်း နှစ်ပတ် အတွင်းကလည်း ဗန်းမော် နဲ့ ၇ မိုင် ခန့် ဝေးတဲ့ တံတား မှာ ဗုံးကွဲမှု ဖြစ်ခဲ့ကြောင်း၊ ဒါကြောင့်မို့ မြို့လူထု အနေနဲ့ အထိတ်တလန့် ရှိနေပုံ ကို ဒေသခံ က ဘီဘီစီ ကို ပြောပြတာပါ။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။