BBC navigation

ကချင် စစ်ပွဲတွေရပ်ဖို့ ပြည်သူ့ လွှတ်တော် ဆုံးဖြတ်

နောက်ဆုံး ရေးသားချိန် 18 ဇန်နဝါရီလ 2013 - 13:08 GMT

အစိုးရ စစ်တပ်ကနေ လေယာဉ်တွေနဲ့ပါ တိုက်ခိုက် လာ ခဲ့တာ ဖြစ်ပါတယ်

ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ စစ်ပွဲတွေ ချက်ချင်းရပ်ပြီး၊ ငြိမ်းချမ်းရေး အတွက် နိုင်ငံရေး ဆွေးနွေးပွဲတွေ ပြန်စဖို့ ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့ လွှတ်တော် အစည်း အဝေးကနေ တပ်မတော်သား ကိုယ်စားလှယ် အများ အပါအဝင် ကန့်ကွက်သူမဲ့ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။

ကချင်ပြည်နယ် အင်ဂျန်းယန် ပြည်သူ့ လွှတ်တော် အမတ် ဒေါ်ဒွဲဘူတင်တဲ့ ဒီအဆိုကို ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးဖို့တောင် မလိုတဲ့ ထင်ပေါ်ပြီးသား အကြောင်းအရာ ဖြစ်တာမို့ လွှတ်တော်ရဲ့ အဆုံးအဖြတ်ကို ယူမယ်ဆိုပြီး ဆုံးဖြတ် စေရာမှာ ကန့်ကွက်သူမဲ့ အဆို အောင်ခဲ့တာ ဖြစ်ပါတယ်။

ဒီကနေ့ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို သမ္မတဦးသိန်းစိန်၊ ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဆိုင်ရာ အဖွဲ့အစည်း တွေဆီကို လည်း ဆက်လက် ပေးပို့မယ်လို့ သိရပါတယ်။

လက်ရှိ အနေ အထားမှာတော့ ကချင်ပြည်နယ်မှာ အစိုးရ တပ်တွေနဲ့ ကချင် လွတ်လပ်ရေး အဖွဲ့ ကေအိုင်အေကြား နှစ်ဘက် တိုက်ခိုက် မှုတွေ ရှိနေဆဲ ဖြစ်သလို အစိုးရနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နဲ့ ကချင် လွတ်မြောက်ရေး အဖွဲ့ ကေအိုင်အို အကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ကလည်း ပြန်မစ နိုင်ဘဲ ရှိနေဆဲ ဖြစ်ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။