BBC navigation

စပစ်တ်ဖိုင်းယား တိုက်လေယာဉ်တွေ ရှာမတွေ့

နောက်ဆုံး ရေးသားချိန် 18 ဇန်နဝါရီလ 2013 - 16:00 GMT

ရန်ကုန်လေဆိပ်မှာ မတွေ့ပေမယ့် တခြား နေတွေမှာ မြှုပ်ထား မယ်လို့ စီမံကိန်း ခေါင်းဆောင်က ယုံကြည်နေ

ဒုတိယ ကမ္ဘာစစ် အပြီး မြန်မာ နိုင်ငံမှာ ဗြိတိသျှ စစ်တပ် ကနေ စပစ်တ် ဖိုင်းယား တိုက်လေယာဉ် တွေကို မြှုပ်ထား ခဲ့တယ် ဆိုပြီး ပြန်လည် ရှာဖွေ တူးဖေါ် နေရာမှာ ဘာ လေယာဉ်မှ မတွေ့ ရတဲ့ အတွက် တူးဖေါ် ရေးမှာ ပါဝင်တဲ့ ရှေးဟောင်း သုတေသန ပညာရှင်တွေ က ဒီလေယာဉ်တွေ မြှုပ်ထားတာ မဟုတ် ဘူး ဆိုပြီး လက်ခံလိုက်ကြ ပါပြီ။

ဒီစပစ်ဖိုင်းယား လေယာဉ် တွေကို သေတ္တာကြီးတွေ ထဲထည့်ပြီး ရန်ကုန် လေဆိပ်နဲ့ တခြား လေဆိပ်တွေမှာ မြှုပ်ထား တယ်လို့ ယူဆ ထားကြတာ ဖြစ်ပါ တယ်။

တူးဖေါ်ရေးမှာ ပါဝင် ဆောင်ရွက် နေတဲ့ ကုမ္ပဏီ ကနေ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရာမှာ တူးဖေါ် မှုတွေကို ရပ်ဆိုင်းထား လိုက်တယ်လို့ ပြောပါတယ်။ ဘာ စပစ်တ်ဖိုင်းယားမှ မရှိဘူး လို့လည်း ကုမ္ပဏီရဲ့ ပြောခွင့်ရသူက ပြောပါတယ်။

ဒါပေမယ့်လို့ ဗြိတိန်က ဒီတူးဖေါ်ရေး စီမံကိန်း ခေါင်ဆောင်း ကတော့ ရန်ကုန် လေဆိပ်မှာ တူးတဲ့ နေရာ လွဲနေတာ ဖြစ်မယ်လို့ ပြောပါတယ်။

ဒီတိုက်လေယာဉ်တွေ ကို မြန်မာ နိုင်ငံ တခြား နေတွေမှာ မြှုပ်ထားမှာ ဖြစ်တယ် ဆိုပြီးလည်း သူက ယုံကြည်နေ ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။