BBC navigation

အရေးပေါ်နဲ့ မီးဖွားလူနာ အခမဲ့ကုပေးမယ်

နောက်ဆုံး ရေးသားချိန် 25 ဇန်နဝါရီလ 2013 - 16:41 GMT
Pregnant

မိခင်သေနှုန်းကျဖို့ ဆေးရုံတက် များများမွေးဖို့ အခမဲ့နည်းပါးဖြစ်အောင် လုပ်မယ်လို့ ညွှန်ချုပ်ဆို

အစိုးရဆေးရုံတွေမှာ မွေးလူနာတွေ များနိုင်သလောက် များများ မွေးစေချင်တယ်၊ ဒါမှသာ မိခင်သေနှုန်း ကျသွားမယ်လို့ ကျန်မာရေးဝန်ကြီးဌာန အဆင့်မြင့် အရာရှိကြီးတဦးက ဘီဘီစီကို ပြောပါတယ်။

မီးဖွားလူနာတွေကိုသာမကဘဲ အရေးပေါ် လူနာတွေကိုလည်း လူနာရှင်တွေ ဆေး၊ ပတ်တီးတွေ တတ်နိုင်သမျှ မဝယ်ရအောင် ကူညီ စောင့်ရှောက်မှုတွေ ပေးဖို့ အစိုးရ အနေနဲ့ ကြိုးပမ်း ဆောင်ရွက် နေတယ်လို့ သိရပါတယ်။

ဆေးဝါးလုံလောက်မှု မရှိခဲ့လို့ အရေးပေါ် ရောက်လာရင် ဆေးဝယ်ခိုင်းရတာတွေ ရှိခဲ့တယ်၊ အခုတော့ လူနာတွေ သက်သာခွင့် ရအောင် စီစဉ်ပါမယ်လို့ ကျန်းမာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မင်းသန်းညွန့်က ဘီဘီစီကို ပြောပါတယ်။

ကျန်းမာရေး ဝန်ကြီးဌာန လက်အောက်မှာ ဆေးရုံပေါင်း ၉၄၀ ကျော် ရှိပြီး၊ ဆေးရုံမှာ ရှိတဲ့ ကုတင် အရေအတွက် အလိုက် အသုံးစရိတ် ကွဲပြားမှုတော့ ရှိမယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံမှာ ကျန်းမာရေးနဲ့ ပညာရေးဘက် အစိုးရ ဘတ်ဂျတ် ခွဲဝေ သုံးစွဲမှုက နှစ်ပေါင်းများစွာ အနိမ့်ဆုံး ရောက်ခဲ့လို့ နိုင်ငံတွင်း ပညာရေးနဲ့ ကျန်းမာရေး အဆင့်အတန်းဟာ အိမ်နီးချင်း နိုင်ငံတွေအောက် နိမ့်ကျခဲ့ရပါတယ်။

ဒါပေမဲ့ ၂၀၁၁ မတ်လကုန်က တက်လာခဲ့တဲ့ အစိုးရသစ် လက်ထက်မှာတော့ ကျန်းမာရေးနဲ့ ပညာရေးဘက် ဘတ်ဂျတ် ရရှိမှုတွေ အနည်းငယ် တိုးတက်မှု ရှိလာခဲ့ပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။