BBC navigation

ရန်ကုန် ဟိုက်ကုတ် ဆက်သုံးဖို့ တောင်းဆို

နောက်ဆုံး ရေးသားချိန် 8 ဖေဖေါ်ဝါရီလ 2013 - 02:06 GMT
lawyer

တရားရုံးတွေ အတွက် ရှေ့နေကွန်ယက် ဆန္ဒပြခဲ့

ရန်ကုန်မြို့ တရားရုံးချုပ် အဆောက်အအုံဟောင်း အပေါ်ထပ်ကို စာကြည့်တိုက် လုပ်မယ်၊ အောက်ထပ် ကို တရားရုံး အဖြစ် ဆက်ထားမယ်၊ စုပေါင်းရုံး ဖြစ်တဲ့ တိုင်းတရားရုံး ကိုတော့ ဟိုတယ်အဖြစ် ငှားဖို့ စီစဉ် ထားတယ် လို့ ဒုတိယ ရှေ့နေချုပ် ဦးထွန်းထွန်းဦးက ပြည်သူ့ လွှတ်တော်မှာ မနေ့က ဖြေကြားခဲ့ ပါတယ်။

ပုလိပ်ရုံးကြီး၊ လူမျိုးစု လွှတ်တော်၊ လမ်းစဉ်ပါတီ ဌာနချုပ် စတဲ့ ရုံးတွေ ဖြစ်ခဲ့တဲ့ စုပေါင်းရုံးနဲ့ တရားရုံးချုပ်ကို နဂို တရားရုံး အဖြစ်ဘဲ ထားရှိဖို့ ရှေ့နေများ ကွန်ယက် က အစိုးရကို တောင်းဆိုထားတာ ဖြစ်ပါတယ်။

ဒါကို ပြည်သူ့လွှတ်တော် အမတ် သူရ ဦးအောင်ကို,ကို မေးခွန်းမေးလို့ ဒုတိယ ရှေ့နေချုပ် ဦးထွန်းထွန်းဦးက ဖြေကြား ခဲ့တာပါ။

ဒီဖြေကြားချက် အပေါ် ရှေ့နေများ ကွန်ယက်က လက်မခံနိုင်ဘူးလို့ အဖွဲ့ဝင် ဦးအောင်သိန်းက ပြောပါတယ်။

သိက္ခာရှိတဲ့ တရားရုံးဆိုတာ နားလည်ပုံ မပေါ်ဘဲ တရားရုံးချုပ်ကို ဒေါ်လာနဲ့ ပြစားဖို့ စီစဉ်တာ မလုပ်သင့်ဘူး၊ ငွေကြေး လိုအပ်ရင် နိုင်ငံတကာကို တင်ပြ အကူအညီ တောင်းမယ်၊ ဥပဒေ ကြောင်း အရလဲ ကွန်ယက်က စောလျင်စွာ ကန့်ကွက်သွားမယ်လို့ ဦးအောင်သိန်းက ပြောကြား ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။