BBC navigation

မောင်တောက ရွာအုပ်ချုပ်ရေးမှူးအိမ် တိုက်ခိုက်ခံရ

နောက်ဆုံး ရေးသားချိန် 10 ဖေဖေါ်ဝါရီလ 2013 - 21:57 GMT

မြို့သစ်ခေါ် ယောင်ဘူကျေးရွာဟာ နစက တပ်ဖွဲ့ နယ်မြေ (၅) အခြေစိုက်ရာ ငခူရ ကျေးရွာနှင့် ၁၀ မိနစ်ခန့် ဝေးပါတယ်

ရခိုင်ပြည်နယ် မောင်တော မြို့နယ် မြောက်ပိုင်း မြို့သစ်ခေါ် ယောင်ဘူ ကျေးရွာ အုပ်ချုပ်ရေးမှူး အိမ်ကို နစက ဝတ်စုံ ဝတ်ထားသူ လူတစု လာရောက် တိုက်ခိုက် အတွက် လူ ၁ ဦး သေဆုံး သွားပါတယ်။

စနေနေ့ ညဉ့်နက်ပိုင်း ၁ နာရီ လောက် အချိန်မှာ နယ်စပ်ဒေသ လုံခြုံရေးနှင့် ကွပ်ကဲရေး (နစက) ယူနီဖောင်း ဝတ်ထားတဲ့ အမည် မသိ လူ ၁၀ ဦးခန့်ဟာ အဲဒီ ရွာက အုပ်ချုပ်ရေးမှူး ဦးဘတင် အိမ်ကို ရောက်လာပြီး ဦးဘတင်ကို အိမ်ပေါ်က ဆွဲချပြီး တိုက်ခိုက် ခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့ ညီဖြစ်သူ ဦးဘချစ်က အော်ဟစ် အကူ အညီ တောင်းရာ၊ အဲဒီ လက်နက်ကိုင် လူစုက သေနတ်နဲ့ ပစ်ခတ် ခဲ့တဲ့ အတွက် အိမ်ပေါ်မှာ ရှိနေတဲ့ ဦးမောင်အေး ဆိုသူ၊ ထိမှန် သေဆုံးသွား ပါတယ်။

ရွာသား တချို့ ရောက်လာတဲ့ အချိန် မှာလည်း သေနတ်နဲ့ ပစ်တဲ့ အတွက် ရွာသား နှစ်ဦး သေနတ် ဒဏ်ရာ ရရှိ သွားတာကြောင့် မောင်တော ဆေးရုံကို တင်လိုက် ရပါတယ်။

နစက ဝတ်စုံ ဝတ်ထားတဲ့ ဒီတိုက်ခိုက် သူတွေမှာ ဓားတွေ၊ တုတ်တွေနဲ့ လက်လုပ် သေနတ်တွေ ပါတယ်လို့ ဒေသခံ မျက်မြင် တဦးက ဘီဘီစီ ကို ပြောပါ တယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။