BBC navigation

မြန်မာ ဂြိုဟ်တု လွှတ်ဖို့ ဂျပန်ကူ

နောက်ဆုံး ရေးသားချိန် 26 ဖေဖေါ်ဝါရီလ 2013 - 21:49 GMT
earth  Satellite

မြန်မာနိုင်ငံအတွက် ပထမဆုံး တိုက်ရိုက်သုံး ဂြိုဟ်တု

ဂျပန် အကူ အညီ နဲ့ မြန်မာနိုင်ငံ အတွက် ကမ္ဘာ မြေပြင် လေ့လာရေး ဂြိုဟ်တု တခု ၂ဝ၁၃-၁၄ မှာ လွှတ်တင်ဖို့ စပြင် နေပါတယ်။

ဂြိုဟ်တု လွှတ်တင်ပြီးရင် မြန်မာနိုင်ငံ ရဲ့ စိုက်ပျိုးရေး၊ ဓာတ်သတ္ထု ရှာဖွေရေး အပြင် သစ် တောပြုန်းတီးမှု လေ့လာတာနဲ့ ဆောက် လုပ် ရေး လုပ်ငန်းတွေ အတွက် အများကြီး အထောက်အကူ ဖြစ်လာမှာပါ။

Earth Observation Satellite လို့ခေါ်တဲ့ ကမ္ဘာမြေ လေ့လာရေး ဂြိုဟ်တု လွှတ် တင် ပြီး ရင် အရင်လို တခြား နိုင်ငံဂြိုဟ်တု တွေကနေ တဆင့်ခံ သုံးစရာ မလိုတော့ဘဲ သတင်းအချက်အလက်တွေကို အဲဒီဂြိုဟ်တုက တိုက် ရိုက်ယူပြီး အသုံးချနိုင်မှာ ဖြစ်ပါတယ်။

ဒီဂြိုလ်တုကို မြန်မာနိုင်ငံက အားလုံးပိုင်မှာ မဟုတ်ပေမယ့် မြန်မာနိုင်ငံ အတွက် ပထမဆုံး တိုက်ရိုက် သုံးနိုင်တဲ့ ဂြိုဟ်တု ဖြစ်ပါတယ်။

မြန်မာနိုင်ငံက လိုအပ် ချက်တွေ ကို ထောက်လှမ်းဖို့ လိုအပ်တဲ့ သတင်း အချက်အလက် တွေကို ဂြိုဟ်တု ထဲ မှာ ထည့်ပြီးမှ လွှတ် တင်မှာ ဖြစ်လို့ ဒီဂြိုဟ်တု ကနေ မိုးလဝသ အပြင် အခြားသတင်း အချက်အလက်တွေပါ ရနိုင် တယ်လို့ ပို့ဆောင် ရေး ဝန်ကြီး ဌာ န မိုးလေ၀သ နဲ့ ဇလဗေဒ ဌာ န ဒုတိ ယ ညွှန်ကြား ရေးမှူး ဦးချစ် ကျော် က ရှင်းပြပါတယ်။

အခု ဂျပန် ကျွမ်းကျင်သူတွေ မြန်မာနိုင်ငံကို သုံးကြိမ်လာရောက်ပြီး လေ့လာမှုတွေ ဆောင်ရွက် ပြီးပါပြီ။

မြန်မာနိုင်ငံ က ဝန်ထမ်း တွေကို ဒီဂြိုလ်တု အသုံး ပြုပုံနဲ့ ပတ်သက်ပြီး ဂျပန်ကိုခေါ် သင်တန်းပေးဖို့ ရှိပါတယ်။

ဒီဂြိုလ်တုကို ခုလာမယ့် ဘဏ္ဍာနှစ်သစ် အတွင်း လွှတ်တင်မှာ ဖြစ်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဌာနက ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။