BBC navigation

လက်ပံတောင်းတောင် အကြမ်းဖက်ဖြိုခွင်းမှု ၃ လပြည့်

နောက်ဆုံး ရေးသားချိန် 1 မတ်လ 2013 - 01:07 GMT

လွန်ခဲ့တဲ့ ၃ လက သပိတ်စခန်းဖြိုခွင်းစဉ် ဒဏ်ရာရခဲ့တဲ့ သံဃာတပါး

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ရပ်ဆိုင်းဖို့ ဆန္ဒ ထုတ်ဖော်တဲ့ သံဃာတော်တွေ နဲ့ ရွာသူရွာသားတွေရဲ့ သပိတ်စခန်းကို အကြမ်ဖက် ဖြိုခွင်းခဲ့တဲ့ (၃)လပြည့် အထိမ်းအမှတ် အနေနဲ့ မနေ့ မနက်က သပိတ်စခန်းမှာ ရှိနေတဲ့ ကျေးရွာသူ ကျေးရွားသား ၂၆ ဦးက အစာအငတ်ခံ ဆန္ဒထုတ်ဖော်ခဲ့ကြ ပါတယ်။ သပိတ်စခန်း အကြမ်းဖက်ဖြိုခွင်းခဲ့သူတွေကို အရေးယူဖို့ ကြေးနီစီမံကိန်းကို လုံးဝဖျက်သိမ်းပေးဖို့ သူတို့က လက်မှတ်ရေးထိုးတောင်းဆိုခဲ့ကြတယ်လို့ စခန်းမှာရှိတဲ့ ကိုဟန်၀င်းအောင်ကဘီဘီစီကိုပြောပါတယ်။

ည(၇)နာရီမှာလည်း ရွာသူရွာသာတွေက သူတို့ပိုင်တဲ့ လယ်မြေပေါ်မှာ မီးတုတ်တွေ ထွန်းပြီး ကြွေးကြော် ဆန္ဒထုတ်ဖော် ခဲ့ကြပါတယ် ။

ကြေးနီတောင် စီမံကိန်းနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ စုံစမ်းစစ်ဆေရေးကော်မရှင်ရဲ့ အစီရင်စာကို ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့ သမ္မတဆီ တင်ပြရ မှာ ဖြစ်ပါတယ်။

စုံးစမ်းစစ်ဆေးမှု ကြန့်ကြာနေတာနဲ့ အမျှ ပျက်စီး ဆုံရှုံးမှုတွေ ပိုများလာနိုင်တယ်လို့ ဒေသခံတွေက ယူဆကြပြီး သပိတ်စခန်းဖြိုခွင်းမှုဟာ အစိုးရတရပ်ကိုယ်တိုင်က အကြမ်းဖက်တဲ့ အကြမ်းဖက်မှုလို့ မြင်ကြတယ်လို့ ဆိုပါတယ်။

လောလောဆယ်မှာ ဦးပိုင်အဆောက်အဦး ဝန်းကျင်မှာ လုံထိန်းကား(၆)စီးနဲ့ မုံရွာမြို့အားကစားကွင်မှာ စစ်ကားအစီး (၂၀) နဲ့ ဆည်တဲရွာဘက်မှာ လုံထိန်းအင်အား ၁၀၀၀ လောက် ရောက်နေတယ်လို့ သိရတဲ့ အတွက် ရွာသူရွားသာတွေ လုံခြုံရေးကို စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။