BBC navigation

နယူးယောက်ကွန်ဗင်းရှင်း အဖွဲ့ဝင်ဖြစ်ဖို့ မြန်မာ လျှောက်မယ်

နောက်ဆုံး ရေးသားချိန် 5 မတ်လ 2013 - 18:30 GMT

မြန်မာ နိုင်ငံသား တွေရာ နိုင်ငံခြားက ရင်းနှီး မြှုပ်နှံသူတွေ အတွက်ပါ အကျိုး ရှိမယ်

နိုင်ငံတကာ စီးပွားရေး ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ပြဿနာ တွေကို တရားမျှတစွာ ဖြေရှင်း နိုင်ရေး အကူ အညီ ပေးနေတဲ့ နယူးယောက် အနုညာတ သဘောတူညီချက် (New York Arbitration Convention ) အဖွဲ့ဝင် နိုင်ငံ ဖြစ်ဖို့၊ မြန်မာနိုင်ငံက လျှောက်ထား တော့မှာ ဖြစ်ပါတယ်။

“Convention on the Recognition and Enforcement of Foreign Arbitral Awards 1958 (New York Convention)” လို့ခေါ်တဲ့ ဒီသဘောတူ ညီချက် အဖွဲ့ဝင် ဖြစ်ရေး အတွက် လျှောက်ထား ဖို့ကို ပြည်သူ့လွှတ်တော် ကနေ အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

ဒီကိစ္စကို ပြည်သူ့ လွှတ်တော် အမတ် ဒေါ်အောင်ဆန်းစုကြည် နဲ့ အမျိုးသား လွှတ်တော် အမတ် ၅ ဦး ကနေ ထောက်ခံ ဆွေးနွေးခဲ့ ကြတာ ဖြစ်ပါတယ်။

အဖွဲ့ဝင် နိုင်ငံပေါင်း ၁၄၆ နိုင်ငံ ရှိတဲ့ နယူးယောက် သဘောတူ ညီချက် ကို ကုလသမဂ္ဂက ကြီးမှူးပြီး ၁၉၅၈ ခုနှစ်က စတင် ခဲ့တာ ဖြစ်ပါတယ်။

ဒီ သဘောတူညီချက်မှာ အဖွဲ့ဝင် ဖြစ်ခြင်း အားဖြင့် မြန်မာ နိုင်ငံသား တွေရာ နိုင်ငံခြားက ရင်းနှီး မြှုပ်နှံသူတွေ အတွက်ပါ အကျိုးရှိ ကြောင်း၊ အဖွဲ့ဝင် ဖြစ်ရေး ထောက်ခံ ဆွေးနွေး ခဲ့တဲ့ ရန်ကုန်တိုင်း အမျိုးသား လွှတ်တော် အမတ် ဦးညွန့်တင်က ဘီဘီစီကို ပြောပါ တယ်။

အထည်ချုပ် လုပ်ငန်းရှင်များ အဖွဲ့ ဥက္ကဌ ဦးမြင့်စိုး ကလည်း ကြိုဆိုလိုက်ပြီး၊ ဒါဟာ မြန်မာ နိုင်ငံမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံ မှုတွေ များလာအောင် အတွက် ကြိုးပမ်းချက် တရပ်လည်း ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။