BBC navigation

NLD ညီလာခံ ကိုယ်စားလှယ် ၄ဦး ပယ်ထုတ်

နောက်ဆုံး ရေးသားချိန် 5 မတ်လ 2013 - 21:40 GMT
nld

နယ်ကိုယ်စားလှယ် ၄ ယောက်ကို ပယ်ထုတ်

အဖွဲ့ချုပ် ညီညွတ်ရေး ပြိုကွဲအောင် လုပ်တယ် ဆိုပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို ညီလာခံ ကိုယ်စားလှယ် ၄ ယောက်ကို ကိုယ်စားလှယ် အဖြစ် ကနေ ထုတ်ပယ်လိုက် ပါတယ်။

ထုတ်ပယ်ခံရသူ ၄ ယောက်က လမ်းမတော် မြို့နယ် NLD ဥက္ကဋ္ဌ ဦးခင်မောင်ဝင်း၊ ရန်ကုန် မြောက်ပိုင်း ခရိုင် ဥက္ကဋ္ဌ ဦးခင်မောင်ရှိန်၊ ရွှေပြည်သာက ဦးသန့်စင်၊ ကောလင်းက ဒေါ်မိမိကြီးတို့ ဖြစ်ကြပါတယ်။

သူတို့ ၄ ဦးဟာ အဖွဲ့ချုပ် အတွင်းညီညွတ်ရေးကို ပြိုကွဲပျက်စီး စေမယ့် အပြုအမူ၊ အပြောအဆို၊ လှုပ်ရှားမှုများ ပြုလုပ်ကြောင်း ခိုင်လုံတဲ့ သတင်းရရှိထားလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ ညီလာခံ ကျင်းပရေး ဗဟို ကော်မရှင် က ထုတ်ပယ် ခဲ့တာ ဖြစ်ပါတယ်။

ညီလာခံမှာ ဒီမိုကရေစီ နည်းကျ ရွေးချယ်နိုင်ဖို့ သက်ဆိုင်ရာ ကိုယ်စားလှယ်တွေရဲ့ လှုပ်ရှား ဆောင်ရွက်မှု အချက်အလက်တွေနဲ့ ပြည့်ပြည့်စုံစုံ ဖြန့်ဝေဖို့ စီမံ ထားပေမယ့် ကိုယ်စားလှယ် တချို့ဟာ သီးခြား မဲဆွယ် စည်းရုံးမှုတွေ လုပ်နေတယ်လို့ သတင်း ရလို့ စု့စမ်း အရေးယူခဲ့တာလို့ NLD ညီလာခံ ကျင်းပရေး ဗဟို ကော်မရှင် ပြန်ကြားရေး တာဝန်ခံ NLD ဦးအုန်းကြိုင်က ဘီဘီစီကို ပြောကြား ပါတယ်။

ဒီလို အပြိုင်အဆိုင် မဲဆွယ်မှုတွေ လုပ်လာရင် ပါတီတွင်း မလိုလားအပ်တဲ့ ကွဲပြားမှုတွေ ဖြစ်ပေါ်လာမှာ စိုးလို့ အရေးယူခဲ့ရကြောင်း ဦးအုန်းကြိုင်က ရှင်းပြပါတယ်။

ပါတီ ညီလာခံ ကိုယ်စားလှယ် အဖြစ်က ထုတ်ပယ်တာသာ ဖြစ်ပြီး ဒီပုဂ္ဂိုလ်တွေရဲ့ ပါတီ ရာထူးတွေနဲ့ ပါတီဝင် အဖြစ်က ထုတ်ပယ်မလား ဆိုတာတော့ အသစ် ရွေးချယ်မယ့် ဗဟို အလုပ်မှုဆောင် အဖွဲ့၊ ဗဟို ကော်မတီ စတဲ့ ပါတီ အာဏာပိုင် တွေက စဉ်းစား ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လဲ သိရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။