BBC navigation

ဒေါ်အောင်ဆန်းစုကြည်အပေါ် နွေးထွေးမှုလျော့

နောက်ဆုံး ရေးသားချိန် 13 မတ်လ 2013 - 08:16 GMT
Daw Aung San Suu Kyi

လက်ပံတောင်းစီမံကိန်းဝန်းကျင်ကို ကိုယ်တိုင်ဆင်းပြီး ရှင်းလင်းပြောဆိုနေတဲ့ ဒေါ်အောင်ဆန်းစုကြည်

ဒေါ်အောင်ဆန်းစုကြည်က မုံရွာတဘက်ကမ်း ဆားလင်းကြီးမြို့နယ်၊ ဒုံးတောရွာက ဒေသခံတွေကို ပြောကြားရာမှာ သူ ဦးဆောင်တဲ့ လက်ပံတောင်း စီမံကိန်း စုံစမ်းရေး ကော်မရှင်ရဲ့ အကြံပြုချက်တွေကို အကောင်အထည် ဖော်မယ့် အဖွဲ့တွေ လာမယ့် မတ် ၁၅၊ ၁၆၊ ၁၇ မှာ ဒေသတွင်းကို ကွင်းဆင်းပြီး သိမ်းဆည်းခဲ့တဲ့ မြေယာတွေအတွက် ကာလပေါက်စျေးနဲ့ လျော်ကြေးတွေ ပေးမယ်လို့ ပြောပါတယ်။

စီမံကိန်းကိုတော့ ဆက်လုပ်မှာ ဖြစ်တယ်၊ ဒါဟာလည်း တိုင်းပြည်နဲ့လူထု အကျိုးစီးပွားအတွက် ဆောင်ရွက်တာ ဖြစ်တယ်။ ဒါကြောင့် သူ ဦးဆောင်တဲ့ ကော်မရှင်ရဲ့ အကြံပြုချက်တွေ၊ မှတ်ချက်တွေကြောင့် သူ့ကို ဒေသခံ လူထုက မကျေနပ်ဘူးဆိုရင် သူ့ကို ဆန္ဒပြကြဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

သူ့ကို ဘယ်နေရာမှာ ဘယ်လိုဆန္ဒပြနိုင်မှာလဲ ဆိုတာကိုတော့ နေပြည်တော် ဒါမှမဟုတ် ရန်ကုန်က သူ့အိမ်ရှေ့မှာ ဆန္ဒပြဖို့ ဖြစ်နိုင်တယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ထူးခြားမှုတခုက ကော်မရှင်ရဲ့ အကြံပြုချက်အတိုင်း လက်ပံတောင်း ကြေးနီစီမံကိန်း အကျိုးစံစားခွင့် စာချုပ်ကို အများမြင်သာအောင် ပြန်လည် စာချုပ်မယ်။ ဒီအတွက်လည်း စစ်တပ်ပိုင် ဦးပိုင်နဲ့ တရုတ်ပိုင် ဝမ်ပေါင် ကုမ္ပဏီတို့ကလည်း သဘောတူပြီး ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြခဲ့တယ်လို့ သိရပါတယ်။

မုံရွာအနီးတဝိုက် ဒေသခံတွေကတော့ ဒေါ်အောင်ဆန်းစုကြည်ကို အရင်ကလို များများစားစား နွေးထွေးမှု မရှိတော့ဘဲ သာမန်နွေးထွေးမှု ဒါမှမဟုတ် တချို့နေရာတွေမှာ သာမန်အောက် နွေးထွေးမှုသာ ရှိနေတယ်လို့ ဘီဘီစီ သတင်းထောက်က သုံးသပ်ပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။