BBC navigation

ဧပြီလက စပြီး ဝန်ထမ်းတွေ လခ တိုးမယ်

နောက်ဆုံး ရေးသားချိန် 13 မတ်လ 2013 - 16:33 GMT
President of Burma , U Thein Sein

လာမယ့် ဧပြီလမှာ လစာတွေ တိုးပေးမယ်လို့ သမ္မတ ဦးသိန်းစိန် ပြော

အစိုးရ ဝန်ထမ်း တွေကို လာမယ့် ဘတ်ဂျက်နှစ် အစ ဧပြီလက စတင်ပြီး လစာ၊ နေ့စားခ နဲ့ ပင်စင်ငွေ တွေကိုပါ တိုးမြင့် ပေးမယ်လို့ အင်္ဂါနေ့က ပြုလုပ်တဲ့ ဘဏ္ဍာရေး ကော်မရှင် အစည်း အဝေးမှာ သမ္မတ ဦးသိန်းစိန်က ပြောခဲ့ ပါတယ်။

လစာ တိုးပေးဖို့ ကျပ်ငွေ သန်းပေါင်း ၄ သိန်း နီးပါးကို ၂ဝ၁၃-၂ဝ၁၄ ခုနှစ် ဘတ်ဂျက် ထဲမှာ ဝန်ထမ်း လစာ တိုးပေးဖို့ အတွက် ထည့်သွင်း ရာထား ထားပြီလို့လည်း ဆိုပါတယ်။

လာမယ့်နှစ် အတွက် ဘတ်ဂျက်ငွေ အားလုံးကို ပြည်ထောင်စု လွှတ်တော်ထံ တင်မှာ ဖြစ်ပြီး လွှတ်တော်က အတည်ပြု ပေးမယ် ဆိုရင် လာစာငွေ တိုးရေး အတွက် အသေးစိတ် ကြေညာ မယ်လို့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောပါတယ်။

အခု နှစ်မှာ လစာ တိုးပေးမှာ ဖြစ်ပြီး လက်ရှိ ခံစားခွင့် ပြုထားတဲ့ အပို ထောက်ပံ့ကြေးနဲ့ ဝေးလံ ခေါင်သီတဲ့ ဒေသက ဝန်ထမ်းတွေကို ပေးနေတဲ့ ရှားပါး စရိတ်ကိုလည်း ဆက်လက် ခံစားခွင့် ပြုမယ်လို့ သမ္မတ က ပြောကြောင်းလည်း ဦးဇော်ဌေးက ဘီဘီစီကို ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။