BBC navigation

ဒေါ်အောင်ဆန်း စုကြည်ကို အပြင်း အထန် တုံ့ပြန်ခဲ့

နောက်ဆုံး ရေးသားချိန် 14 မတ်လ 2013 - 16:56 GMT
Daw Aung San Suu Kyi in Sarlingyi township

ဆားလင်းကြီး မြို့နယ် တွင်းက ကျေးရွာ တွေမှာ သံဃာ တွေနဲ့ ဒေသခံ တွေကို ဒေါ်စု တွေ့ဆုံခဲ့

လက်ပံတောင်းတောင် ဒေသမှာ ပြည်သူ လူထုနဲ့ သွားရောက် တွေ့ဆုံပြီး စုံစမ်းရေး ကော်မရှင်ရဲ့ အစီရင်ခံစာ အကြောင်း သွားရောက် ရှင်းပြနေတဲ့ ဒေါ်အောင်ဆန်း စုကြည်ဟာ ဒီကနေ့ တုံရွာနဲ့ ဆည်တဲ ရွာမှာ သံဃာတော်တွေ အပါ အဝင် ဒေသခံတွေကို တွေ့ဆုံခဲ့ ပါတယ်။

အဲဒီရွာတွေမှာ စုံစမ်းရေး ကော်မရှင်ရဲ့ အစီရင်ခံစာ အပေါ် ပြင်းပြင်း ထန်ထန် တုံ့ပြန်မှုတွေ အပြန်အလှန် ပြောဆိုမှု တွေ ရှိခဲ့ ပါတယ်။

စီမံ ကိန်း ကြောင့် ပြောင်းရွှေရမယ့် ရွာလေးရွာ ထဲက တစ်ရွာဖြစ်တဲ့ တုံရွာက သပိတ် စခန်းကို ဒေါ်အောင်ဆန်းစု ကြည်ဝင် လာတဲ အချိန်မှာပဲ စခန်း အနီးက အမျိုး သမီး တစ်ချို့ အော်ဟစ်ပြီး ငိုခဲ့ကြ ပါတယ်။

ဝမ်ပေါင် ကု မ္မဏီနဲ့ ကြေးနီ စီမံကိန်းကို စာချုပ် ပြင်ဆင် ချုပ်ဆိုပြီး ဆက်လုပ် သင့်တယ် လို့ စုံစမ်း စစ်ဆေးရေး ကော်မရှင်က တရားဝင် ထုတ်ပြန်လိုက် ပြီးတဲ့ နောက် ဒေသတွင်းမှာ မကျေနပ်မှု တွေ ကပို ကြီး လာပါတယ်။

ဆားလင်းကြီး မြို့နယ် ထဲက တုံ ရွာ သပိတ် စခန်းကို ဒေါ်အောင် ဆန်း စုကြည် သွားရောက် ပြီး ရှင်းပြရာမှာ စုံစမ်းရေး ကော်မရှင်ရဲ့ ဆုံးဖြတ်ချက် အပေါ် သဘော မတူသူတွေ ရှိလာနိုင်တယ် ဆိုတာကို ကြိုတင် တွက်ဆ ထားခဲ့ပေမဲ့ ကန့်ကွက်မှာကို စိုးရိမ်ပြီး အမှန်ကို မလုပ်ပဲ မနေသင့်ဘူးလို့ သူယူဆပြီး ဆုံးဖြတ် ခဲ့တာ ဖြစ်တယ်၊ ဒီကိစ္စ အတွက် ဘယ်သူ့ မှာမှ တာဝန် မရှိဘူး၊ သူ့မှာပဲ တာဝန် ရှိတယ်လို့ ပြောခဲ့ပါတယ်။

တုံရွာက သပိတ် စခန်း ကို ဒေါ်အောင်ဆန်း စု ကြည် သွားရောက် ရှင်းပြ နေတုန်းမှာ အော်ဟစ် ကန့်ကွက်မှု တွေလည်း ရှိခဲ့ပါတယ်။

သပိတ် စခန်းက ဆန္ဒ ပြသူတွေ ထဲမှာ ဒေသခံ ရွာသားတွေ အပြင် ရန်ကုန်က တက်ကြွ လှုပ်ရှားသူ တချို့ ကိုလည်း တွေ့ရတယ်လို့ ဒေသတွင်းကို ကိုယ်တိုင် သွားရောက် သတင်း ရယူ နေတဲ့ ဘီဘီစီ သတင်းထောက်က ပြော ပါတယ်။

ဒေသခံ တွေကို လျော်ကြေး ထပ်ပေးမယ့် အစီအစဉ်ကို မတ်လ ၁၅ ရက်မှာ စတင်မှာ ဖြစ်ပြီး စာချုပ် အသစ်ချုပ်ဖို့ ကတော့ နောက်တစ်ပတ် လောက်မှ စတင်မယ်လို့ မျှော်လင့် ရကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြောတာကိုလည်း ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။