BBC navigation

တုံရွာနဲ့ ဆည်တည်းမှာ ဒေါ်စုရှင်းလင်း

နောက်ဆုံး ရေးသားချိန် 14 မတ်လ 2013 - 11:34 GMT

တုံရွာ သပိတ်စခန်းကတော့ ကြေးနီ စီမံကိန်း ဖျက်သိမ်း ရေးကို ဆက်လက် တောင်းဆို

တုံရွာ သပိတ် စခန်းနဲ့ ဆည်တည်း ရွာဘက် ဒေါ်စု သွားရောက် ရှင်းလင်း ချိန်မှာ တော့ ဒေသခံ တွေက စီမံကိန်း ဆက်လုပ် မှာကို ကန့်ကွက် ဆန္ဒပြခဲ့ ကြပါတယ်။

ဝမ်ပေါင် ကုမ္မဏီနဲ့ ကြေးနီ စီမံကိန်းကို စာချုပ် ပြင်ချုပ် ပြီး ဆက်လုပ် သင့်တယ် လို့ စုံစမ်း စစ်ဆေးရေး ကော်မရှင်က တရားဝင် ထုတ်ပြော လိုက်ပြီးတဲ့ နောက် ဒေသ တွင်းမှာ မကျေနပ် မှုတွေက ပိုကြီး လာတာ ဖြစ်ပါတယ်။

လယ်တီ ရွာက ဒေသခံ တချို့ ကတော့ ဒီစီမံကိန်း လုပ်တာကို မကြိုက်ပေ မဲ့ သူ့ကို မမုန်း ဘူးလို့လည်း ပြောကြ ပါတယ်။ ဆန္ဒပြတဲ့ အထဲ မှာတော့ ရွာသားတွေ အပြင်၊ ရန်ကုန်က တက်ကြွ လှုပ်ရှား သူတွေလည်း ပါဝင် ပါတယ်။

ဒေသခံ တွေ ကို လျော်ကြေး ထပ်ပေး ရေး အစီစဉ် ကတော့ သောကြာနေ့မှာ စတင်ဖို့ ရှိနေပြီး၊ စာချုပ်သစ် ချုပ်ဖို့ကို တော့ နောက် တပတ် လောက် မှ စတင် မယ် လို့ ဒေါ် အောင်ဆန်းစုကြည်က ပြောသွား ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။