BBC navigation

၈၈ ပွင့်လင်း အဖွဲ့ရဲ့ ထိုင်းနိုင်ငံ ခရီး

နောက်ဆုံး ရေးသားချိန် 19 မတ်လ 2013 - 15:58 GMT
88 Generation Students

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့် လင်း လူ့ အဖွဲ့ အစည်း ဝင်များ

၈၈ မျိုးဆက် ( ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့ အဖွဲ့ အစည်း) အဖွဲ့ဝင် ၇ ယောက်ပါ အဖွဲ့ဟာ ထိုင်းနိုင်ငံက လူမှုရေး စီးပွားရေးနဲ့ နိုင်ငံရေး တို့ကို လေ့လာ ဖို့ ဘန်ကောက် မြို့တော်ကို ရောက်နေ ပါတယ်။

ဦးကိုကိုကြီး၊ ဦးမြအေး၊ ဦးပြုံးချိုတို့ ပါဝင် တဲ့ အဖွဲ့ဝင် တွေဟာ တနင်္လာနေ့က ထိုင်း နိုင်ငံခြားရေး ဝန်ကြီး ဌာန၊ အရှေ့ အာရှနဲ့ အာဆီယံ ဦးစီး ဌာနက ညွှန်ကြား ရေးမှူးချုပ် အပါအဝင် တာဝန်ရှိသူ တွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ ပါတယ်။

တွေ့ဆုံရာမှာ အလုပ် သမား အရေးနဲ့ ဒုက္ခသည်တွေ အရေးကို ဆွေးနွေး ဖြစ်ခဲ့ တယ်လို့ အဖွဲ့ဝင် တစ်ယောက် ဖြစ်တဲ့ ဦးပြုံးချိုက ပြောပါတယ်။

တိုင်းရင်းသား ဒေသတွေ ကနေ ထိုင်းနိုင်ငံ ဘက်ကို ရောက်ရှိ နေတဲ့ ရွှေ့ပြောင်း လုပ်သားတွေ အရေး၊ ဒုက္ခသည် စခန်း တွေမှာ ရှိနေကြတဲ့ မြန်မာ နိုင်ငံသား တွေ အရေးနဲ့ မြန်မာ နိုင်ငံ ကနေ လာရောက် ပညာသင်ကြား နေကြတဲ့ ကျောင်းသားတွေ အရေး အပြင် ရေရှည် ပူးပေါင်း ဆောင်ရွက်မှု တွေကိုလည်း ဆွေးနွေး ခဲ့ကြတယ်လို့ ဦးပြုံးချိုက ပြောပါတယ်။

ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားတွေက မွေးဖွားလာတဲ့ ကလေးငယ် တွေကို ပညာသင်ကြားရေးနဲ့ ကျန်းမာရေး တို့ကို လုပ်ဆောင်ပေးနေကြောင်း ထိုင်းနိုင်ငံ ဘက်က ပြန်လည် ဆွေးနွေးခဲ့တယ်လို့ လည်း သူက ပြော ပါတယ်။

ထိုင်းနိုင်ငံမှာ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကို ဦးစီး ဦးဆောင်ပြု နေတဲ့ အထက် လွှတ်တော် အမတ်နဲ့ တွေ့ဆုံ ခဲ့ရာမှာ အရပ်ဘက် လူ့ အဖွဲ့ အစည်း တွေနဲ့ ပူးပေါင်း ဆောင်ရွက်ပြီး အရေး ယူနိုင်ခဲ့တဲ့ အကြောင်း တွေကို ဆွေးနွေး နိုင်ခဲ့ တယ်လို့ ဦးပြုံးချိုက ပြောပါတယ်။

၈၈ မျိုဆက် ( ပွင့်လင်း အဖွဲ့ အစည်း) အဖွဲ့ဝင် တွေဟာ ၂၅ ရက်နေ့မှာ ထိုင်း နိုင်ငံက မပြန်ခင် ထိုင်း နိုင်ငံရဲ့ လူ့အခွင့် အရေး ဆိုင်ရာနဲ့ ထိုင်း တောင်ပိုင်းက အကြမ်းဖက်မှု တွေကို ဖြေရှင်း နေတဲ့ အခြေ အနေ တို့ ကိုလည်း သွားရောက် လေ့လာ ဖို့ ရှိပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။