BBC navigation

မိတ္ထီလာမှာ အရေးပေါ် အခြေအနေ ကြေညာ

နောက်ဆုံး ရေးသားချိန် 22 မတ်လ 2013 - 11:03 GMT

ဒီကနေ့ မနက်ပိုင်း အထိ မိတ္ထီလာ မြို့မှာ အဓိက ရုဏ်း အနည်းငယ် ဖြစ်ပွားခဲ့

မိတ္ထီလာမြို့မှာ ဖြစ်ပွား နေတဲ့ အဓိကရုဏ်း တွေကြောင့် မိတ္ထီလာ၊ ဝမ်းတွင်း၊ မလှိုင် နဲ့ သာစည် ၄ မြို့နယ်ကို သမ္မတ အမိန့်နဲ့ ဒီကနေ့က စလို့ အရေးပေါ် အခြေ အနေ ကြေညာ လိုက်ပါတယ်။

၂၂ ရက်နေ့အထိ အဓိကရုဏ်းကြောင့် သေဆုံးသူ ၁၁ ဦး၊ ဒဏ်ရာ ရရှိသူ ၃၉ ဦးနဲ့ မီးရှို့ ဖျက်ဆီး ခံရတဲ့ အိမ် ၁၅၂ လုံး ရှိခဲ့တယ်လို့ အစိုးရ ကနေ သတင်း ထုတ်ပြန် ထားပါတယ်။ ဒါပေမယ့်လည်း မျက်မြင် သက်သေ တချို့ရဲ့ အဆို အရ၊ သေဆုံးသူ အရေ အတွက် ဒီထက် ပိုများ တယ်လို့ ဆိုပါတယ်။

၂၂ ရက်နေ့ မနက်ပိုင်း အထိ မိတ္ထီလာ မြို့မှာ အဓိကရုဏ်း အနည်းငယ် ဖြစ်ပွား ခဲ့ပြီး၊ ချမ်းအေးသာ ရွာမီးရှို့ဖို့ ကြိုးစား တာတွေ ရှိခဲ့တယ် လို့ မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ လုံခြုံ-ထောက်လှမ်း ဌာနက ဒုရဲမှူးကြီး မင်းအောင်က ဘီဘီစီကို ပြောပါတယ်။

အဓိကရုဏ်း စဖြစ်တဲ့ အချိန်တုန်းက ဖြစ်ဖြစ်ခြင်း ရဲအင်အား နည်းလို့ မထိန်း နိုင် ခဲ့တာ ရှိပေမယ့် အခု အခါ ရဲတပ်ရင်း ၂ ရင်း ရောက် နေပြီ လို့လည်း သူက ပြောပါတယ်။

မွတ်ဆလင်တွေ နေတဲ့ အုတ်ကျင်း ရပ်ကွက်ရဲ့ တဘက် ကန်ဘောင် ဘေးမှာ မီးလောင် နေတဲ့ အလောင်း ၁၅ လောင်း လောက် တွေ့ရ တယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

လက်နက် ကိုင်ဆောင် ထားသူ အများ အပြားကို ရဲက ဖမ်းဆီး မှုတွေ လုပ်နေပြီး ပုန်းအောင်း နေကြတဲ့ မူစဆလင်တွေ ကိုလည်း ဘေးကင်း ရာကို ကယ်ထုတ် ပေးနေ တယ်လို့ မိတ္ထီလာမြို့နယ် ပြည်သူ့ လွှတ်တော် အမတ် ဦးဝင်းထိန်က ပြောပါတယ်။

မွတ်ဆလင် အများ အပြားဟာ မိတ္ထီလာ ကနေ ထွက်ပြေး သွားခဲ့ ကြတာ ဖြစ်ပြီး၊ တချို့တွေ ကတော့ ပုန်းအောင်း နေကြ ရတာ ဖြစ်ပါတယ်။ မိတ္ထီလာမြို့ မှာတော့ ည မထွက်ရ အမိန့်ကို သုံးရက်မြောက် အဖြစ် ဆက်လက် ထုတ်ပြန် ထားဆဲ ဖြစ်ပါ တယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။