သမ္မတဟောင်း မန်ဒဲလား ရုတ်တရက် ဆေးရုံတင်

nelson_mandela_
Image caption တောင်အာဖရိက သမ္မတဟောင်း မန်ဒဲလား

တောင်အာဖရိက သမ္မတ ဇူးမား က သမ္မတ ဟောင်း မန်ဒဲလားကို ရုတ်တရက် ဆေးရုံတင်လိုက်တာ နဲ့ ပတ်သက်ပြီး ပြည်သူတွေ အနေနဲ့ စိတ်မပူ ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

မစ္စတာ မန်ဒဲလား ကို သူ့ ဆရာဝန် ရဲ့ အကြံပေးချက် အရ သန်းခေါင်ယံ အလွန်၊ ကြာသာပတေးနေ့ က ဆေးရုံ တင်လိုက်ရတာပါ။ မစ္စတာ မန်ဒဲလား ကို အဆုပ်ထဲ ရောဂါပိုး ဝင်မှု ဖြစ်ပွားတဲ့ အတွက် ဆေးရုံမှာ ကုသမှု ခံယူတဲ့ အခါမှာ သက်သာတဲ့ လက္ခဏာ ပြသကြောင်း ဆရာဝန် က ပြောပါတယ်။

အခုအခါမှာ မစ္စတာ မန်ဒဲလား ဟာ သက်သာတဲ့ အနေအထား ရောက်ရာကနေ မကြာခင် ဆေးရုံက ပြန်ဆင်းလာနိုင်မယ် လို့ မျှော်လင့်တဲ့ အတွက် ပြည်သူတွေ စိတ်သောက မဖြစ်ကြဖို့ သမ္မတ ဇူးမား က ဘီဘီစီ နဲ့ မေးမြန်းခန်း မှာ ပြောသွားပါတယ်။

သမ္မတရုံး ပြောခွင့်ရ ပုဂ္ဂိုလ် မက်မဟာရပ်ဂျ် ကလည်း မစ္စတာ မန်ဒဲလား ကို ဆရာဝန်တွေ က အကောင်းဆုံး ပြုစု စောင့်ရှောက်မှု တွေ ပြုပေးနေပုံ၊ သမ္မတ ဇူးမား နဲ့ တကွ တောင်အာဖရိက ပြည်သူတွေ၊ ကမ္ဘာ အနှံ့က သူ့ကို လေးစားသူ တွေ ကပါ ဝိုင်းဝန်း ဆုတောင်းပေးနေ ကြတဲ့ အတွက်၊ အမြန်ကျန်းမာ လာမှာပါ လို့ ပြောပါတယ်။

မစ္စတာ မန်ဒဲလားဟာ ၁၉၈ဝ ပြည့်လွန် နှစ်တွေတုန်းက ရိုဘင်ကျွန်း အကျဉ်းထောင် မှာ နေခဲ့ရစဉ် က တီဘီရောဂါ ကူးစက်ခဲ့ ပါတယ်။