သမ္မတဦးသိန်းစိန် ဧပြီလ ၆ ရက် တရုတ်နိုင်ငံကို သွားမယ်

မြန်မာသမ္မတ ဦးသိန်းစိန်ဟာ တရုတ်သမ္မတသစ် ရှီဂျင်ပင်းရဲ့ ဖိတ်ကြားချက် အရနဲ့ Boao အာရှဖိုရမ်ကို တက်ရောက်ဖို့ တရုတ်နိုင်ငံကို ဧပြီလ ၆ ရက်နေ့ကနေ ၈ ရက်နေ့အထိ သွားရောက်မယ်လို့ မြန်မာနိုင်ငံအခြေစိုက် တရုတ်သံရုံးရဲ့ အင်တာနက် ဝက်ဘ်ဆိုက်မှာ ဖေါ်ပြထားပါတယ်။

ဒီခရီးစဉ်ဟာ ဦးသိန်းစိန် ၂၀၁၁ ခု မတ်လက သမ္မတဖြစ်လာပြီးနောက်ပိုင်း တတိယမြောက် တရုတ်နိုင်ငံ ခရီးစဉ် ဖြစ်ပါတယ်။

Boao အာရှဆိုင်ရာ ညီလာခံကို ဟိုင်နန်ပြည်နယ်မှာ ကျင်းပမှာဖြစ်ပြီး တရုတ်သမ္မတ ရှီဂျင်ပင်း တက်ရောက် အဖွင့်မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။