မြန်မာတွေ ပိုပျော်ကြတဲ့ မဲဆောက်သင်္ကြန်

thingyan
Image caption မြန်မာနိုင်ငံသားတွေ အရင်နှစ်တွေထက် သင်္ကြန် လည်ကြ

ထိုင်းရောက် မြန်မာ ရွှေ့ပြောင်း အလုပ်သမား တွေ အတော်များများမှာ ယာယီ နိုင်ငံကူး လက်မှတ်တွေ ရှိလာတာကြောင့် နယ်စပ်က မဲဆောက်မြို့ရဲ့ အခုနှစ် သင်္ကြန်မှာ မြန်မာ နိုင်ငံသားတွေ အရင်နှစ်တွေ ထက် ပိုပြီး ရေပက် လည်ပတ်လာ ကြပါတယ်။

စျေးဘက်မှာ အစုလိုက် ရေပက်ကစား ကြသလို မုန့်လုံးရေပေါ်၊ ရွှေရင်အေး စတာတွေကို စတုဒိသာ ကျွေးမွေး ကြပါတယ်။

မဲဆောက်သင်္ကြန်မှာ ထိုင်းနိုင်ငံသား တွေကော မြန်မာနိုင်ငံသား တွေပါ မဲဆောက် တောင်ဘက်က ဖါကျလိန် ရေတံခွန်ကို သွားရောက် လည်ပတ်ကြပြီး တချို့ ငွေကြေးတတ်နိုင်သူ တွေက ရေပူစမ်း ရေစိမ်တဲ့ကန်နဲ့ အပန်းဖြေစခန်း တွေကို သွားကြသလို တချို့က မဲဆောက် မြောက်ဘက်က မဲ့ကဆာ ရေပူစမ်းကို လူစု ကားငှားပြီးတော့ သွားရောက် လည်ပတ်ကြပါတယ်။

ရိုင်းရိုင်းစိုင်းစိုင်း မဟုတ်ဘဲ ယဉ်ယဉ်ကျေးကျေးနဲ့ ပျော်ကြတယ်လို့ သင်္ကြ န်လည်ပတ်သူ တဦးက ဆိုပါတယ်။

ထိုင်းနိုင်ငံကို ရောက်လာတာ သိပ်မကြာသေးသူ တယောက်ကတော့ မြန်မာပြည်မှာထက် စည်းဘောင်ကနားနဲ့ နေရတဲ့အတွက် စိတ်ကသိကအောင့် ဖြစ်ရပေမယ့် ပျော်ရတယ်လို့ ဆိုပါတယ်။

အခုနှစ်သင်္ကြန် လည်ပတ်ကြရာမှာ အရက်သေစာ မူးယစ်သူတွေ ယာဉ်စီးနင်း မောင်းနှင်ခွင့်ကို အရင်နှစ်တွေထက် ပိုပြီး ကြပ်မတ် လိုက်တာကြောင့် မဲဆောက်နဲ့ နယ်စပ်တလျှောက်မှာ ယာဉ်တိုက်မှုတွေ မရှိသလောက် ဖြစ်သွားတယ်လို့ ယာဉ်ထိန်း ရဲဌာနက ပြောပါတယ်။

နောက်ပြီးတော့ မြန်မာနိုင်ငံသား အချင်းချင်းကြားမှာ ခိုက်ရန်ဖြစ်ပွားမှုတွေ မရှိသလို ထိုင်းနဲ့မြန်မာတွေ ကြားမှာလဲ ခိုက်ရန်ဖြစ်ပွားမှု မရှိဘူးလို့ မဲဆောက် ရဲစခန်းက လုံခြုံရေး အရာရှိတွေက ပြောပါ တယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ