မုံရွာခရိုင်အတွင်း ရဲနဲ့ ဒေသခံတွေ တိုက်ခိုက်မှု ဖြစ်ပွား

_letpadaung_
Image caption မုံရွာခရိုင်ထဲမှာ ဒေသခံတွေနဲ့ ရဲနဲ့ တိုက်ခိုက်မှုဖြစ်ပွား

မုံရွာ ခရိုင်၊ ဆားလင်းကြီး မြို့နယ်ထဲက ဆည်တည်းရွာ၊ မိုးကြိုးပြင်ရွာနဲ့ တုန်ရွာ တွေမှာ ရဲနဲ့ဒေသခံ တွေအကြား တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

အစိုးရက စီမံကိန်း နယ်မြေ သတ်မှတ်ပြီး ပုဒ်မ ၁၄၄ ထုတ်ပြန် ထားတဲ့ နေရာထဲက လယ်မြေ တချို့မှာ မူလ လယ်ပိုင်ရှင်တွေက ဝင်ရောက်ပြီး ထွန်ယက်ဖို့ ကြိုးစား ရာက ရဲနဲ့ ဒေသခံတွေ အကြားမှာ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီတိုက်ခိုက်မှု တွေမှာ ဒေသခံ တဦး သေနတ် ထိမှန် ဒဏ်ရာ ရရှိခဲ့ပါတယ်။ အမျိုးသမီး ၂ ဦးလည်း ဒဏ်ရာ ရရှိခဲ့တဲ့ အတွက် မုံရွာ ဆေးရုံကြီးကို တင်ပို့ ခဲ့ရပါတယ်။ ရဲတပ်ဖွဲ့ဘက်ကတော့ တပ်ဖွဲ့ဝင် ၇ ယောက်လောက် ဒဏ်ရာ ရရှိခဲ့ တယ်လို့ အဲဒီကို ရောက်သွားတဲ့ သတင်းထောက် တွေက ဘီဘီစီကို ပြောပါတယ်။

အခုလို တိုက်ခိုက် မှုတွေ ဖြစ်ခဲ့ပြီးတဲ့ နောက်မှာ ရန်ကုန် ပြည်သူ့ အကျိုးဆောင် ကွန်ယက်က ကိုအောင်စိုးနဲ့ ဆည်တည်း ကျေးရွာသား ကိုစိုးသူနဲ့ ကိုဆန်းတို့ကို ရဲက ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

သေနတ် ထိမှန် ဒဏ်ရာ ရရှိ ခဲ့တဲ့ တုန်ရွာသစ်က ကိုတင်ဇော်ကို ဆေးရုံမှာ ခွဲစိတ်ကုသ ပေးခဲ့ရပြီး အခြေအနေက စိုးရိမ်စရာ မရှိဘူးလို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ