ဒေါ်အောင်ဆန်းစုကြည် မွန်ဂိုလီးယားကို ထွက်ခွာ

Image caption ဂျပန် ခရီးစဉ် တုန်းကလည်း ဒေါ်အောင်ဆန်း စုကြည်ကို ဂျပန်လူထုက သောင်းသောင်းဖြဖြ ကြိုဆိုခဲ့

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ဟာ မွန်ဂိုလီးယား သမ္မတ Tsakhiagiin Elbegdorj ရဲ့ ဖိတ်ကြား ချက် အရ စနေနေ့ ညမှာ မွန်ဂိုလီးယား နိုင်ငံကို ခရီး ထွက်ခွာမှာ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့ မှာတော့ မွန်ဂိုးလီးယား နိုင်ငံ လူလန်ဘာတာ မြို့ကို ဆိုက်ရောက် မှာ ဖြစ်ပြီး၊ ဧပြီလ ၂၉ ရက်နေ့ မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ Community of Democracies ဒီမိုကရေစီ ဖွံ့ဖြိုးရေး အဖွဲ့ ဝန်ကြီးများ အစည်း အဝေးကို တက်ရောက်မှာ ဖြစ်ပါတယ်။

၃၀ ရက်နေ့ မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ မွန်ဂိုလီးယား သမ္မတ Tsakhiagiin Elbegdorj နဲ့ အတူ ‘Mongolian and Myanmar: Road to Freedom and Lessons Learned’ အကြောင်း ပူးတွဲ မိန့်ခွန်း ပြောကြား မှာပါ။

မေလ ၃ ရက် နေ့မှာ တော့ မြန်မာပြည်ကို ပြန်လည် ရောက်ရှိမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ