ရခိုင် အရေးအခင်း အမှုတွေ ထောင်ချ

rakhine
Image caption ဆူပူမှု အတွင်း ၁၈၄၃ ဦး ဖမ်းဆီး ခံရ

ရခိုင်ပြည်နယ် အရေးအခင်းနဲ့ ပတ်သက်ပြီး ဖမ်းဆီးထားသူ ရခိုင်အမျိုးသား ၁ဝ ဦးကို စစ်တွေ ခရိုင်တရားရုံးက ထောင်ဒဏ်တွေ အသီးသီး ချမှတ်လိုက် ပါတယ်။

အခု ထောင်ဒဏ်တွေ ချမှတ်ခံရသူ တွေက ကျောက်တော် မြို့နယ် မှာ မနှစ် ဇွန်လ က ဖြစ်ပွားခဲ့တဲ့ ဆူပူ အကြမ်းဖက်မှု တွေနဲ့ ဆက်စပ် ဖမ်းဆီး ခံရသူ တွေ ဖြစ်ကြပါတယ်။

သူတို့ကို ဗုဒ္ဓဟူးနေ့က စစ်တွေ ခရိုင် တရားရုံးက ထောင်ဒဏ် (၉) လ ကနေ (၃) နှစ်ထိ စီရင်ချက် ချလိုက်ပါတယ်။

ထောင် (၃) နှစ် ကျသူတွေက ကျောက်တော် မြို့နယ် ကျောက်ဖြူ ရွာသစ်က ကျော်လှဖြူနဲ့ ကိုမောင်ထွန်းဝင်း၊ ရွာသစ်ကေက မောင်သိန်းဝင်း နဲ့ မောင်အေးချေ၊ အုတ်ကြွက် ရွာက မောင်စံလှိုင် နဲ့ ကသစ်တော ရွာက စောရွှေမောင် တို့ ဖြစ်ကြပါတယ်။

ကသစ်တောက ကျော်ဆန်းနဲ့ ကျော်ထွန်းဝင်း၊ ကျောက်ဖြူ ရွာသစ်က မောင်သန်းဌေးတို့ကို ထောင် (၁) နှစ်စီ ချမှတ်ပြီး ထောင် (၉) လ ကျသူ ကတော့ ကျောက်ဖြူ ရွာသစ်က စံရဲကျော် ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် အတွင်း ဇွန်လနဲ့ အောက်တိုဘာလက ဖြစ်ပွားခဲ့တဲ့ ဆူပူ အကြမ်းဖက်မှု အတွင်း လူပေါင်း ၁၈၄၃ ဦး ဖမ်းဆီးခံခဲ့ရပြီး တရားရုံးတင် စစ်ဆေးခဲ့တဲ့ အမှုပေါင်း ၂၂၆ မှုရှိတယ်လို့ သိရှိရပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ