NLD အမှုဆောင် အစည်းအဝေး ကျင်းပမယ်

nld
Image caption ပထမဆုံး NLD နှစ်လည် ညီလာခံ မတ်လက ကျင်းပ

၁၉၉ဝ ရွေးကောက်ပွဲ ကျင်းပခဲ့တဲ့ ၂၃ နှစ် မြောက် နှစ်ပတ်လည်နေ့ ဖြစ်တဲ့ မေလ ၂၇ ရက်နေ့ မှာပဲ အဲဒီ ရွေးကောက်ပွဲ နိုင်ပေမယ့် အာဏာ မရခဲ့တဲ့ NLD ပါတီ ဗဟို အလုပ် အမှုဆောင် အဖွဲ့ အစည်းအဝေး ကျင်းပမယ်လို့ သိရပါတယ်။

တနှစ် ၂ ခါ အလှည့်ကျ ကျင်းပမယ့် အစည်းအဝေး ဖြစ်ပြီး နိုဝင်ဘာလ မှာလဲ ထပ်မံ ကျင်းပမှာ ဖြစ်ကြောင်း NLD ပါတီ ပြောခွင့်ရ ဒေါ်နန်းခင်ထွေးမြင့်က ဘီဘီစီကို ပြောပါတယ်။

တရက်ကြာ ကျင်းပမယ့် ဒီအစည်းအဝေးမှာ NLD ဗဟို ကော်မတီဝင် တရာ အပါအဝင် အရံ အလုပ် အမှုဆောင် တွေပါ တက်ရောက်မှာ ဖြစ်ပြီး နိုင်ငံခြားရေး၊ တိုင်းရင်းသားရေး ဆိုင်ရာ နိုင်ငံရေး မူဝါဒ ပြင်ဆင် ဖြည့်စွက် လိုတာတွေနဲ့ ဒေသ ဆိုင်ရာ အရေးကိစ္စ တွေကိုပါ ဆွေးနွေး တင်ပြကြမှာ ဖြစ်ပါတယ်။

NLD ပါတီဟာ ၂ဝ၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာ ယှဉ်ပြိုင် အနိုင်ခဲ့ရပြီး အခု လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာလဲ ဝင်ပြိုင်ဖို့ ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ