လားရှိုးက တိုက်ခိုက်မှု နောက်ကွယ်မှာ ဘာတွေ ရှိနိုင်သလဲ

Lashio Riots
Image caption လားရှိုးက အကြမ်းဖက် တိုက်ခိုက်မှု တွေရဲ့ နောက်ကွယ်မှာ ကြိုးကိုင်သူ ရှိတယ်လို့ သံသယ ရှိနေ

လားရှိုးမြို့မှာ အင်္ဂါနေ့က ဖြစ်ခဲ့တဲ့ ဆူပူ တိုက်ခိုက်မှုတွေ နောက်ပိုင်းမှာ လူ ၄၃ ယောက်ကို ဖမ်းဆီးထားကြောင်း လားရှိုး မြို့ အမှတ် ၁ ရဲစခန်းက ဘီဘီစီကို ပြောပါတယ်။

သူတို့ကို စွဲချက် တင်တဲ့ အဆင့်တော့ မရောက်သေးဘဲ ရမန်နဲ့ ဖမ်းဆီး ထားတယ်လို့ ရဲစခန်း တာဝန်ကျ အရာရှိက ပြောပါတယ်။

စစ်တပ်နဲ့ ရဲတွေက ပူးပေါင်း လုံခြုံရေး ယူထားပြီး ကွပ်ကဲရေး ဌာနလည်း ဖွင့်ထား ပါတယ်။

လားရှိုး မြို့မှာ အမျိုးသမီး တစ်ယောက်ကို စတင် မီးရှို့ခဲ့တဲ့ အမျိုးသားဟာ ကျိုင်းတုံက လာခဲ့တာ ဆိုတဲ့ အချက်ရယ်၊ တောင်ကြီးနဲ့ တခြား မြို့တွေမှာလည်း ပြဿနာတွေ ဖြစ်အောင် လှုံဆော်မှုတွေ ရှိခဲ့တယ် ဆိုတဲ့ သတင်းတွေ ကြောင့် လားရှိုးမှာ ဖြစ်ခဲ့တဲ့ ဆူပူ ဖျက်ဆီးမှုတွေဟာ သွေးရိုး သားရိုး မဟုတ်ဘဲ နောက်ကွယ်က လှုံ့ဆော်မှု တွေကြောင့် ဖြစ်နိုင်တယ်လို့ SNDP ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီက အမျိုးသား လွှတ်တော် အမတ် ဦးစိုင်းစံမင်းက သုံးသပ် ပါတယ်။

လောလောဆယ်မှာအခြေ အနေတွေ တည်ငြိမ် နေပေမဲ့ ဒေသခံ တွေက စိုးရိမ် မှုတွေ ရှိနေကြ ပါတယ်။

သာသနာရေးဝန်ကြီး ဌာန ဝန်ကြီး ဦးဆန်းဆင့်က လာရှိုးမြို့က အခြေ အနေတွေကို ကူညီ ဆောင်ရွက်ပေးခဲ့ပြီးတဲ့နောက် သောကြာနေ့ကပဲ ပြင်ဦးလွင် မြို့ကို သွားပြီး ဘာသာပေါင်းစုံ ညီညွတ်ရေး အတွက် ရပ်မိရပ်ဖ တွေနဲ့ ဆွေးနွေးခဲ့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ