တရုတ်မြန်မာ ဓါတ်ငွေ့ပိုက်လိုင်းပြီးပြီလို့ CNPCပြော

Image caption CNPC ကုမ္ပဏီရဲ့ ဆိုင်းဘုတ် တစိတ်တပိုင်း

တရုတ်နဲ့ မြန်မာ နိုင်ငံကြား သဘာဝ ဓါတ်ငွေ့ ပိုက်လိုင်း တည်ဆောက်မှု ပြီးဆုံးသွားပြီး ရေနံ ပိုက်လိုင်းလည်း ပြီးလုနီးပါး ဖြစ်နေပြီလို့ တရုတ် နိုင်ငံရဲ့ အကြီးဆုံး စွမ်းအင် ကုမ္ပဏီကြီး ဖြစ်တဲ့ CNPC က ပြောပါတယ်။

တရုတ် နိုင်ငံကနေ မလက္ကာ ရေလက်ကြားကို ဖြတ်ကျော် တည်ဆောက်ထားတဲ့ ဒီပိုက်လိုင်းတွေဟာ မဟာဗျူဟာ အရ အရေးပါပြီး မြန်မာ ကမ်းရိုးတမ်းက မဒေးကျွန်းနဲ့ အိန္ဒိယ သမုဒ္ဒရာ ကတဆင့် အရှေ့အလယ်ပိုင်းနဲ့ အာဖရိက က ရေနံတွေကို သယ်ပို့နိုင်တာ ဖြစ်ပါတယ်။

ဂတ်စ် ပိုက်လိုင်းတွေ ဘယ်တော့ စပြီး လည်ပတ်မလဲ ဆိုတာကိုတော့ ဖော်ပြမထားပေမယ့် ၂ဝ၁၃ မေလကုန်မှာ ဂတ်စ်ပိုက်လိုင်း စတင်ပြီး ၂ဝ၁၄မှာ ရေနံ ပိုက်လိုင်း စီမံကိန်းကို လည်ပတ် သုံးစွဲဖို့ အရင်က မှန်းထားခဲ့တာ ဖြစ်ပါတယ်။

မြန်မာ နိုင်ငံ အနောက်ဖက် ဘင်္ဂလားဒေ့ရှ် နယ်စပ် ရခိုင် ကမ်းရိုးတမ်း ရွှေသဘာဝ ဓါတ်ငွေ့တွင်းကနေ ဂတ်စ်တွေကို တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန် ပြည်နယ်ကို တင်ပို့မှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ