လက်ပံတောင်း တောင်သူတွေနဲ့ ကူညီသူကို ထောင်ချ

Image caption ကိုအောင်စိုးကို ထောင်ဒဏ် တနှစ်ခွဲနဲ့ ဆယ်တည်း ရွာက လယ်သမား နှစ်ဦး ကိုတော့ ထောင် ၆ လ ချမှတ်

လက်ပံတောင်း တောင် ဒေသ၊ ဦးပိုင် ကုမ္ပဏီက သိမ်းယူ ထားတဲ့ လယ်မြေ တွေမှာ ဝင်ရောက် ထွန်ယက် ခဲ့ကြတဲ့ ဒေသခံ တောင်သူ နှစ်ဦးနဲ့ သူတို့ အတွက် ကူညီ ဆောင်ရွက် ပေးနေတဲ့ ကိုအောင်စိုး တို့ကို အာဏာပိုင် တွေက ပြစ်ဒဏ် အသီးသီး ချမှတ် လိုက်ပါတယ်။

ကိုအောင်စိုးကို ရွှေဘို အကျဉ်းထောင်မှာ ၁ နှစ်ခွဲ ထောင်ချ လိုက်ပြီ ဆိုတာကို ဆားလင်းကြီး မြို့နယ်မှာ တာဝန်ကျ နေတဲ့၊ အထူး သတင်း တပ်ဖွဲ့ ကနေ အကြောင်း ကြားလာတာ ဖြစ်တယ်လို့ လက်ပံတောင်း အရေး လှုပ်ရှား နေသူ ကိုဟန်ဝင်းအောင်က ပြောပါတယ်။

ကိုအောင်စိုးနဲ့ အတူ ၄ လပိုင်း၊ ၂၅ ရက် နေ့က အဖမ်းခံ ထားရတဲ့ ဆည်တည်း ရွာက လယ်သမား နှစ်ဦး ကိုလည်း ထောင် ၆ လ ချ လိုက်တယ်လို့ ဆိုပါတယ်။

ဘာပုဒ် မတွေနေ့ ဘယ်အချိန်က ဘယ်လို စွဲချက် တင်ပြီး ဘယ်လို ပြစ်ဒဏ် ချမှတ်တယ် ဆိုတာ ကိုတော့ အသေးစိတ် မသိရ သေးကြောင်း ကိုဟန်ဝင်းအောင်က ပြောပါတယ်။

အဲဒီ သူတွေဟာ အခုလို ထောင်ချ ခံရတဲ့ အချိန် အထိ ဘယ်သူ တဦး တယောက်နဲ့မှ တွေ့ခွင့် မရခဲ့သလို သူ့တို့ အတွက် လိုက်ပါ ဆောင်ရွက် ပေးမယ့် ရှေ့နေလည်း မရှိ ခဲ့ဘူးလို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ