ဘီဘီစီရဲ့ မိုဘိုင်းဖုန်း သတင်း အစီအစဉ် စတင်

Image caption ကမ္ဘာ့ သတင်း၊ မြန်မာ့ သတင်းတွေ အပြင် အားကစား သတင်းတွေပါ ထုတ်လွှင့်မယ်လို့ ဦးမင်းထက်ပြော

ဘီဘီစီ ရဲ့ နောက်ဆုံးရ သတင်းတွေကို ပြည်တွင်း မိုဘိုင်းဖုန်း ကနေ နားဆင် နိုင်တဲ့ အစီ အစဉ် ဒီကနေ့ စတင်တဲ့ အကြောင်း သတင်းစာ ရှင်းလင်းပွဲ ကို ရန်ကုန် Chatrium ဟော်တယ်မှာ ကျင်းပရာ သတင်း မီဒီယာတွေနဲ့ စိတ်ဝင်စားသူ လူ ၁၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။

ဒီအခမ်း အနားမှာ BBC Business Development ဌာနမှာ Indushekhar Sinha က မိုဘိုင်းဖုန်း ဆိုတာ သုံးတဲ့ သူဘက်က ပြောတာချည်း မဟုတ်ဘဲ သုံးတဲ့ သူကို သတင်းတွေ ပြန်ပြောပြတဲ့ ကိရိယာ ဖြစ်လာပါပြီလို့ ပြောပါတယ်။

ဘီဘီစီ မြန်မာပိုင်းရဲ့ အကြီးတန်း သတင်းထောက် ဦးမင်းထက် ကလည်း ကမ္ဘာ့ သတင်း၊ မြန်မာ့ သတင်းတွေ အပြင် ပရိသတ် နှစ်သက်တဲ့ အားကစား သတင်းတွေ ကိုလည်း ထုတ်လွှင့် ပေးမယ့် အကြောင်း ပြောပါတယ်။

Image caption တက်ရောက်လာသူတွေကလည်း ဘီဘီစီ သတင်းတွေကို မိုဘိုင်းကနေ နားထောင်

မိုဘိုင်းဖုန်း ကနေ သတင်း နားထောင်နိုင်တဲ့ ဘီဘီစီရဲ့ အခုလို ဝန်ဆောင်မှု အစီ အစဉ်ဟာ မြန်မာ ပြည်တွင်း မှာ ဒါ ပထမဆုံး ဖြစ်ပါတယ်။ စက္ကန့် ၉၀ စာ သတင်းတွေကို တနေ့ကို ၂ ကြိမ် မနက် ၈ နာရီ နဲ့ ညနေ ၆ နာရီ ခွဲ တိုင်းမှာ ကိုယ့်ဆီ အလို အလျောက် ဖုန်းခေါ်ပြီး ပြောပြမယ့် အစီ အစဉ် လည်း ဖြစ်ပါတယ်။

ဒီအစီ အစဉ်ကို ဘီဘီစီနဲ့ မြန်မာ ပြည်တွင်းမှာ ဖုန်း ဝန်ဆောင်မှု ပေးတဲ့ Blue Ocean Operating Management ကုမ္ပဏီ တို့ ပူးတွဲ တင်ဆက် တာ ဖြစ်ပါ တယ်။

ရန်ကုန်က ဖုန်း နံပါတ် ဝ၁ ၂၃ ၉၉ ၆၀ဝ ကို ဆက်သွယ်ပြီး အသေးစိတ် စုံစမ်းနိုင် ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ