ILO ညီလာခံမှာ မြန်မာကိုယ်စားလှယ်တွေ ဆွေးနွေး

နိုင်ငံ တကာ အလုပ် သမား အဖွဲ့ချုပ် ILO ရဲ့ ၁၀၂ ကြိမ်မြောက် ညီလာခံကို ဇွန်လ ၄ ရက် ကနေ ၂၀ ရက် နေ့အထိ ဆွစ်ဇာလန် နိုင်ငံ ဂျနီဗာ မြို့မှာ ကျင်းပ နေရာ မြန်မာ နိုင်ငံက အစိုးရ အရာရှိကြီးတွေ ၊ အလုပ်ရှင် ကိုယ်စားလှယ်နဲ့ အလုပ် သမား ကိုယ်စားလှယ် အဖွဲ့လည်း တက်ရောက် နေပါတယ်။

ဒီညီလာခံမှာ မြန်မာ နိုင်ငံ အပေါ် စီးပွားရေး ပိတ်ဆို့ မှုတွေနဲ့ ပတ်သက်ပြီး အလုပ် သမား အလုပ်ရှင် အစိုးရ အကြား အားလုံးရဲ့ သဘောထား ထပ်တူ ရှိနေတယ် ဆိုတာကို အဓိက တင်ပြ ဆွေးနွေးမှာ ဖြစ်တယ်လို့ မြန်မာ ကိုယ်စားလှယ် အဖွဲ့မှာ ပါတဲ့ တောင်သူ လယ်သမားနဲ့ စိုက်ပျိုးရေး အလုပ် သမားများ သမဂ္ဂ အဖွဲ့က ဥက္ကဌ ဖြစ်တဲ့ ဒေါ်သန်းသန်းဌေးက ပြောပါတယ်။

နောက်ပြီး မြန်မာ နိုင်ငံကို လာရောက် ရင်းနှီး မြှုပ်နှံမယ့် သူတွေ အနေနဲ့ လူ့ ဂုဏ်သိက္ခာကို လေးစား တန်ဖိုးထား မှုတွေနဲ့ လာရောက် ရင်းနှီး မြှုပ်နှံကြ ဖို့ ကိုလည်း တိုက်တွန်း ဆွေးနွေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာ နိုင်ငံမှာ လက်ရှိ အလုပ် သမားတွေရဲ့ ရပိုင်ခွင့် တွေနဲ့ ပတ်သက်ပြီး အလုပ်ရှင်တွေ အနေနဲ့ အလေးထား ဖို့နဲ့ အစိုးရကပါ ထိထိ ရောက်ရောက် ပါဝင်ဖို့ လိုအပ် ကြောင်း ကိုလည်း ဒေါ်သန်းသန်းဌေးက ဘီဘီစီကို ပြောကြား သွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ