သွေးလွန်တုပ်ကွေး ဒီနှစ် အဖြစ်များနိုင်

Image caption သွေးလွန်တုပ်ကွေးဟာ ခြင်က တဆင့် ကူးစက်

မြန်မာနိုင်ငံမှာ သွေးလွန် တုပ်ကွေး ရောဂါ ဖြစ်ပွားမှု မနှစ် ကထက် ပိုပြီး အဖြစ်များ လာနိုင်တယ်လို့ ရန်ကုန်မြို့ ကလေး ဆေးရုံကြီး ကလေး ကျန်းမာရေး ပညာ ဌာနမှူး၊ ပါမောက္ခ ဒေါက်တာ စောဝင်းက ပြောပါတယ်။

မနှစ်က ပထမ လေးလ အတွင်း သွေးလွန် တုပ်ကွေး ဖြစ်ပွားမှုနဲ့ ဒီနှစ် လေးလ ဖြစ်ပွားမှုကို နှိုင်းယှဉ်ရာမှာ ဒီနှစ် ပိုအဖြစ်များ တဲ့အတွက် ဒီနှစ် ရောဂါ ကူးစက်မှုနှုန်း ပိုများ နိုင်တယ်လို့ ခန့်မှန်းတာလို့ ဆိုပါတယ်။

သွေးလွန် တုပ်ကွေး ရောဂါဟာ အသက် ၁၂ နှစ်အောက် ကလေးတွေမှာ အဖြစ် များပြီး ခြင်ကိုက်လို့ ဖြစ်တာ ဖြစ်ပါတယ်။

မြန်မာ နိုင်ငံမှာ အထူး သဖြင့် မိုးတွင်း ဇွန် ဇူလိုင် သြဂုတ် စက်တင်ဘာ စတဲ့ လတွေ မှာ အဖြစ်များတယ် လို့ ဆိုပါတယ်။

ကလေးတွေ အပြင်းဖျားပြီး မှိန်းတယ် အန်တယ် ဗိုက်နာတယ်ဆိုရင် သွေးလွန် တုပ်ကွေး ရောဂါ ဖြစ်နိုင် တဲ့အတွက် ဆေးရုံ ဆေးခန်း တွေကို သွားပြကြဖို့ ပါမောက္ခ ဒေါက်တာ စောဝင်းက အကြံပြုပါတယ်။

တနှစ်အောက် ကလေး၊ အဝလွန်တဲ့ ကလေးတွေနဲ့ သွားလာရေး ခက်ခဲတဲ့ နေရာ တွေက ကလေးတွေမှာ အဲဒီလို လက္ခဏာတွေ ရှိရင် ဆေးရုံ တင်ထားဖို့ လိုတယ်လို့ ဆိုပါတယ်။