လွှတ်တော် က ဘတ်ဂျက် ချပေးရမယ့် အများပြည်သူဝန်ဆောင်မှု မီဒီယာ

burma_press
Image caption ပုဂ္ဂလိက သတင်းစာ အများစု အနေနဲ့ ခက်ခက် ခဲခဲ ရပ်တည် နေရတာဖြစ်

အစိုးရပိုင် မီဒီယာ တွေ ကနေ Public Service Media အများပြည်သူ ဝန်ဆောင်မှု မီဒီယာ တွေ အဖြစ် ပြောင်းလဲ ဖို့ လုပ်ဆောင် နေရာမှာ လိုအပ် ဘတ်ဂျက် ၇၀ ရာခိုင်နှုန်း ကို လွှတ်တော် က ချပေး ရမယ့် ဥပဒေ လုပ်ဖို့ ပြန်ကြားရေး ဝန်ကြီး ဌာန က ပြင်ဆင် နေပါတယ်။

စနေနေ့ က ကျင်းပတဲ့ ပြန်ကြားရေး ၀န်ကြီးဌာန ရဲ့ ဒီကိစ္စ နဲ့ ပတ်သက်ပြီး မီဒီယာ တွေ ကို ခေါ်ယူရှင်းပြတဲ့ ပွဲမှာ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွတ် က အများပြည်သူ ဝန်ဆောင်မှု မီဒီယာ ဥပဒေမူကြမ်း ရေးဆွဲ ထားပြီ လို့ ဆိုပြီး အဲဒီ ထဲမှာ အများပြည်သူ ဝန်ဆောင်မှု မီဒီယာ အတွက် လိုအပ် ဘတ်ဂျက် နဲ့ ပတ်သက်လို့ အခုလို ပြောပြ သွားတာပါ။

တက်ရောက်လာတဲ့ ပုဂ္ဂလိက မီဒီယာ တွေအနေနဲ့ အစိုးရ က မီဒီယာ တွေ ကို အသွင် ကူးပြောင်း တဲ့နေရာမှာ အသံလွှင့်မီဒီယာ နဲ့ ပတ်သက်ပြီး အများပြည်သူ ဝန်ဆောင်မှု မီဒီယာ တခု အဖြစ် ဆက်ထားတာကို လက်ခံ လိုကြ ပေမယ့် သတင်းစာ ကို အများပြည်သူ ဝန်ဆောင်မှု မီဒီယာ တခု အဖြစ် ဆက်လက် ထုတ်ဝေ မှာ ကို တော့ သဘောမကျ ကြဘူး လို့ မြန်မာ့ ဓန မဂ္ဂဇင်း အယ်ဒီတာ ချုပ် ဦးသီဟစော က ပြောပါတယ်။

လိုအပ် ဘတ်ဂျက် ကို လွှတ်တော် ကနေ ချ ပေးရမယ် ဆိုတဲ့ အချက် ကလည်း သတင်းစာ လောက မှာ မမျှမတ ဖြစ်အောင် အစိုးရ က လုပ်ဆောင် နေတာ လို့လည်း မီဒီယာ သမား တွေ ကြားမှာ ဝေဘန် သံတွေ ထွက်နေ ပါတယ်။