နယ်စပ်တလျှောက် မြန်မာ စစ်တပ်က မြေမြုပ်မိုင်းတွေ ထောင်နေတယ်လို့ ဘင်္ဂလားဒေ့ရှ်စွပ်စွဲ

Image caption rja

မြန်မာ နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ နယ်စပ် နယ်စပ် တလျှောက်မှာ မြန်မာ စစ်တပ်က မြေမြုပ်မိုင်းတွေ ထောင်နေတယ် လို့ ဘင်္ဂလားဒေရှ့် အာဏာပိုင် တွေက စွပ်စွဲလိုက် ပါတယ်။

အခုထောင်နေတာဟာ နယ်စပ်မျဉ်းက ကိုက် ၇၀ နဲ့ ၁၀၀ အကြားမှာ ထောင်နေတာဖြစ်ပြီး ခုလို လုပ်တာဟာ နိုင်ငံတကာ စံညီ စံညွန်းတွေနဲ့ မကိုက်ညီဘူးလို့ ပြောပါတယ်။

ဘင်္ဂလာဒေ့ရှ် နယ်ခြား စောင့်တပ်ဖွဲ့ ဘီဂျီဘီရဲ့ စွပ်စွဲချင်အရ အခု မြေမြုပ်မိုင်း ထောင်နေတဲ့ နေရာဟာ နယ်စပ် မိုင်တိုင် အမှတ် ၃၇နဲ့ ၃၈ အကြားဖြစ်ပြီး နိုင်ငံတကာ မျဉ်း (စီရိုလိုင်း)က ကီလိုမီတာ ၇၀ အကွာမှာ ရှိပြီး မိုင် ၃၉ နဲ့ ၄၀ အကြားမှာတော့ ကီလိုမီတာ ၁၀၀ အကွာ အဝေး ရှိတယ်လို့ သိရပါတယ်။

တကယ်တော့ အဲဒီ နေရာဟာ မြန်မာဘက်က ဆိုရင် မောင်တောမြို့နယ် မြောက်ပိုင်းဘက်ကို ကျပါတယ်။

နိုင်ငံတကာ သဘောတူညီချက်အရ စီရိုမျဉ်းကနေ ကိုက် ၁၅၀ အတွင်း ဘာမှ စစ်ရေးနဲ့ ပတ်သက်တာကို လုပ်ဆောင်လို့ မရဘူးလို့ သူတို့က ပြောနေပါတယ်။

ဒီကိစ္စကို ဇွန်လ ၁၄ ရက်နေ့မှာ စတင်မယ့် နှစ်နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာန အတွင်း၀န် အဆင့် အစည်းအဝေးမှာ ဘင်္ဂလားဒေ့ရှ် ဘက်က ကန့်ကွက်မယ်လို့ ပြောပါတယ်။

BGB director general Maj-Gen Aziz Ahmed ပြောတာက ဒီကိစ္စကို ဆွေးနွေးဖို့ မြန်မာဘက်ကို အကြောင်းကြားပေမယ့် မြန်မာဘက်က တစ်စုံတစ်ရာ တုန့်ပြန် ပြောဆိုတာ မရှိဘူးလို့ ဆိုပါတယ်။

ဒါကြောင့် ဒီကိစ္စကို ဘင်္ဂလာဒေ့ရှ် အစိုးရကို အသိပေး အကြောင်းကြားလိုက်ပြီ ဖြစ်တယ်လို့လည်း ဆိုပါတယ်။