ကာလုံ အစည်းအဝေး ကျင်းပ

Image caption အစိုးရနဲ့ လွှတ်တော်ကြား နားလည်မှု လွဲနေ တာတွေ ရှင်းဖို့ သူရ ဦးရွှေမန်း လိုလား

သမ္မတ၊ လွှတ်တော် ဥက္ကဋ္ဌ တွေနဲ့ ကာကွယ်ရေး ဝန်ကြီး စတဲ့ ဝန်ကြီး တွေနဲ့ စစ်ဦးစီးချုပ် တို့ ပါဝင်တဲ့ အမျိုးသား ကာကွယ်ရေး နဲ့ လုံခြုံရေး ကောင်စီ အစည်းအဝေး ကို တနင်္လာနေ့ က ကျင်းပ ခဲ့ပါတယ်။

အမျိုးသား ကာကွယ်ရေး နဲ့ လုံခြုံရေး ကောင်စီ အစည်းအဝေး အမြန် ခေါ်ဖို့ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း က သမ္မတ ဆီ ဇွန်လ ၂၅ ရက်နေ့ က သဝဏ်လွှာ ပို့ခဲ့တာပါ။

အစိုးရနဲ့ လွှတ်တော် ကြား ဆက်ဆံရေးမှာ အပြန်အလှန် နားလည်မှု လွဲနေတာကို ရှင်းပြဖို့ သူရ ဦးရွှေမန်းက လိုလား တယ်လို့ သီပေါ မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ဘီဘီစီကို ပြောပါတယ်။

မြန်မာ နိုင်ငံမှာ ဆက်သွယ်ရေး ဥပဒေ မပြဋ္ဌာန်း ရသေးဘဲ ပြည်တွင်း ပြည်ပ ကုမ္ပဏီ တွေကို ဆက်သွယ်ရေး လုပ်ငန်းတွေ လုပ်ခွင့် မပြုရေးနဲ့ ပတ်သက် လို့ လွှတ်တော်နဲ့ အစိုးရ ကြား မကျေမလည် ဖြစ်နေတဲ့ ကိစ္စ၊ တိုင်းရင်းသား အဖွဲ့ တွေနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး စတာ တွေကို ဒီအစည်းအဝေးမှာ ရှင်းလင်း ဆွေးနွေးမယ်လို့ ယူဆကြောင်း သူက ပြောပါတယ်။

အစိုးရ နဲ့ လွှတ်တော်ကြား အားပြိုင်မှု ကို ရှောင်လွှဲလို့ မရကြောင်း၊ ဒါဟာ Check and Balance အပြန်အလှန် ထိန်းညှိ နိုင်တဲ့ နိုင်ငံရေး စနစ် ဖြစ်ပြီး လုပ်ထုံး လုပ်နည်းနဲ့ အညီ ဆောင်ရွက် သွားဖို့ လိုတယ် လို့ ဦးရဲထွန်းက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ