မြန်မာ ပြည်က အမေရိကန် သတင်းပညာ ဆုရ

myanmar journal
Image caption နှစ်ပေါင်း ၅ဝ ဖိနှိပ်ခံရတဲ့ မြန်မာ သတင်းလောက စိန်ခေါ်မှုတွေ ရှိဆဲ

၂ဝ၁၃ ခုနှစ် အတွက် အမေရိကန် မစ်ဇူရီ သတင်းစာ ကျောင်းက ပေးတဲ့ သတင်း ပညာ ဂုဏ်ဆောင် ထူးချွန်ဆု ရသူ ၈ ယောက်ထဲမှာ မြန်မာ အမျိုးသမီး သတင်းစာ ဆရာ တဦး ပါဝင် လာပါတယ်။

အေပီ သတင်း ဌာနရဲ့ မြန်မာပြည် သတင်းထောက် ဒေါ်အေးအေးဝင်းကို ပူလစ်ဇာဆုရ သတင်းစာဆရာ တွေနဲ့ အတူ ထူးချွန်ဆု အပ်နှင်း ခဲ့တာပါ။

၁၉၈၈ ခုနှစ် ထဲက သတင်း လောက ဝင်လာခဲ့တဲ့ ဒေါ်အေးအေးဝင်းဟာ ၁၉၆ဝ ကျော်က သတင်းစာ ရွှေကလောင်ဆု ရခဲ့တဲ့ သတင်းစာ ဆရာကြီး ဂါးဒီးယန်း ဦးစိန်ဝင်းရဲ့ သမီး ဖြစ်ပါတယ်။

နိုင်ငံပိုင် သတင်းစာ ဆောင်းပါး တွေကနေ သူ့ကို သစ္စာဖောက်လို့ သမုတ်ခံရ၊ စစ်ဆေး ခြိမ်းခြောက် ခံခဲ့ရတဲ့ ခေတ်ကာလ တွေ ရှိခဲ့ပြီး ၂ဝဝ၈ ခုနှစ် ကလည်း ဒေါ်အေးအေးဝင်းကို နိုင်ငံတကာ အမျိုးသမီး မီဒီယာ ဖောင်ဒေးရှင်း က ရဲစွမ်း သတ္တိဆု ပေးအပ် ခဲ့ပါတယ်။

နှစ်ပေါင်း တရာကျော် သက်တမ်း ရှိတဲ့ မစ်ဇူရီ သတင်းစာ ကျောင်းဟာ သတင်း ပညာ အရာမှာ အရှိန်အဝါကြီးတဲ့ ကျောင်းကြီးတကျောင်း ဖြစ်ပြီး ဆာဝင်စတန် ချာချီ စတဲ့ နာမည်ကျော် ပုဂ္ဂိုလ်တွေ ရရှိ ခဲ့ဖူးတဲ့ ဒီဆုကိုလည်း သတင်းပညာရဲ့ ဂုဏ်အရှိဆုံး ဆုတဆု အဖြစ် မှတ်ယူ ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ